Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

UWSA ဦးဆောင်သည့် FPNCC အဖွဲ့ဝင်များ ၀ဒေသ၌ တွေ့ဆုံ

တွေ့ဆုံပွဲ၌ FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)ကိုယ်စားလှယ် ပါဝင်တက်ရောက်သည်ကို MNDAA က ထုတ်ပြန်သည့် သတင်း၌မတွေ့ရပေ။ ၀ဒေသသို့ လမ်းခရီး သွားလာရေး အဆင်ပြေသည့် လက်နက်ကိုင်တပ် ဖွဲ့များသာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဝဒေသ၌ တွေ့ဆုံနေစဉ်၊ဓာတ်ပုံ - The Kokang
ဝဒေသ၌ တွေ့ဆုံနေစဉ်၊ဓာတ်ပုံ - The Kokang

▪️တွေ့ဆုံပွဲ၌ KIAမှ အပကျန်အဖွဲ့ ၆ဖွဲ့မှ ကိုယ်စား လှယ်များပါဝင်

၀လက်နက်ကိုင်အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့များသည် စက်တင်ဘာ ၁၆ရက်က ၀ဒေသ၌ တွေ့ဆုံခဲ့ကြသည်ဟု တွေ့ဆုံပွဲ၌ ပါဝင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တရုတ်လမုန့်စားပွဲနဲ့ တိုးတယ်။ ပြီးတော့ နောက် ထပ်တစ်ခုက ၀ပြည်နယ်ရဲ့ ခေါင်းဆောင်ပိုင်း တွေရဲ့အပြောင်းအလဲ အဲဒါလည်းရှိတယ်။ အဲဒီ ၂ခု နဲ့လာတိုးတော့ FPNCC အဖွဲ့ ဝင်တွေပေါ့ ၀ပြည်နယ်ကို သွားလို့ရတဲ့ အဖွဲ့တွေအားလုံးက သွားရောက်နှုတ်ဆက်ကြတာပေါ့။ တရုတ်လမုန့်စားပွဲအတွက် မေးမြန်းနှုတ်ဆက်တယ်။ ပြီးတော့ ၁၆ရက်နေ့မှာတော့ UWSAရယ်၊ NDAA ရယ်၊ SSPP/SSAA ရယ် မဟာမိတ်သုံးဖွဲ့(ကိုးကန့် MNDAA၊ ရခိုင် AA၊ တအာင်း TNLA) အဖွဲ့ဝင်တွေက ဒီအတိုင်း ရည်ရွယ်ချက်ရှိရှိ ထိပ်သီးခေါင်းဆောင် အစည်းအဝေးလိုတော့မဟုတ်ဘူး အားလုံးဆုံကြတယ်ဆိုတော့ တွေ့ပြီးတော့ အချင်းချင်း နှုတ်ဆက်ကြတယ်။ အဲဒီလို နှုတ်ဆက်ပွဲပါ” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA)ကလည်း ဓာတ်ပုံများ ဖော်ပြခဲ့သည်။

တွေ့ဆုံပွဲ၌ FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)ကိုယ်စားလှယ် ပါဝင်တက်ရောက်သည်ကို MNDAA က ထုတ်ပြန်သည့် သတင်း၌မတွေ့ရပေ။ ၀ဒေသသို့ လမ်းခရီး သွားလာရေး အဆင်ပြေသည့် လက်နက်ကိုင်တပ် ဖွဲ့များသာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

FPNCC အဖွဲ့ဝင်များအနက် KIA၊ MNDAAနှင့် AA တို့သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

သတင်း

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်း တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းရှစ်ခုကိူ ပေါင်းစည်း၍ ဖွဲ့ စည်းထားခြင်းဖြစ်ပြီး KIO ပညာရေးဌာန၏ အထက် တန်းစာမေးပွဲအောင်မြင်သူများ ပထမနှစ်သင်တန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။