Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ
မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

မြဝတီ-ဝေါ်လေကားလမ်းပိုင်းပေါ်မှာ နယ်မြေကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေအကြား ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ(၁)ကွပ်ကဲမှုရဲ့ ခမရ(၁)၊ ခမရ(၂)၊ ခမရ(၈)၊ ခမရ(၁၀၂) တပ်တွေဟာ မြဝတီ – ဝေါ်လေ ကားလမ်းမအနီး မြွေနှစ်ကောင်ဘုရားကုန်းကနေ လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးစစ်သည်တော်တွေဘက်က လုံခြုံဘေးကင်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ
မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းစစ်ကြောင်းကြား တိုက်ပွဲတွေဆက်ဖြစ်နေ

ဒါ့အပြင် မြဝတီ-ဝေါ်လေ လမ်းပိုင်း၊ တောင်နီကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ နည်းဗျူဟာ(၃) ကွပ်ကဲမှုရဲ့ ခမရ(၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်တွေကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် တောင်နီကျေးရွာအနီးမှာ စက်တင်ဘာ(၁၆) ရက်နေ့ မနက် (၁၀) နာရီခန့်ကနေ နေ့လည် (၁)နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်သည်တော်တွေ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ စိစစ်ဆဲဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၁၆)ရက်နေ့ ည(၁၂) နာရီခန့်ကနေ စက်တင်ဘာ(၁၇) ရက်နေ့ မနက်(၄) နာရီခန့်အထိ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်ဖွဲတွေအကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာလည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

AA အနေဖြင့် ဩဂုတ်လကုန်ပိုင်းမှ လက်ရှိအချိန် ထိ မောင်တော မြောက်ပိုင်းရှိ အရေးပါသည့် စစ်ကောင်စီတပ်စခန်း ၃ခုနှင့် စခန်းငယ်များကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်သကဲ့သို့ ပလက်၀ ဒေသရှိ တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ပိတ်ဆို့သိမ်းပိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဗီဒီယို

အလယ်ပိုင်း အာရှရေးရာ လေ့လာသူတွေက တကယ်လို့ နှစ်နိုင်ငံစလုံးက လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် အဲဒီမီးပွားဟာ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ထိ ကြီးထွားလာနိုင်ကြောင်း သတိပေးထားကြပါတယ်။