Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်အကြီးအသေး (၁၁)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အတည်ပြုပြောကြားသည်။

စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း
စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း

ဒူးပလာယာခရိုင် နို့တကောမြို့နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ ဘုရားတောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့က ယနေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်အကြီးအသေး (၁၁)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အတည်ပြုပြောကြားသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိသည့် စစ်ကောင်စီ၏ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့က ယနေ့စက်တင်ဘာလ(၂၈)ရက် နံနက်(၆)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်မှာ တစ်နာရီကျော်သာကြာမြင့်သည်ဟု ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်ရတဲ့သတင်းက (၉) ယောက်သေတယ်။ လက်နက်ကြီးအသေးက ၁၁ လက် KNLAဘက်ရသွားတယ်နော်။ ရန်သူဘက်အင်အားကလည်း သိပ်မရှိဘူးလို့ပြောတယ်။ တချို့တွေက (၁၃)ယောက်လို့ပဲပြောတယ်ဆိုပေမယ့် တချို့ကျတော့လည်း (၁၀)ပတ်ဝန်းကျင်အဲ့လောက်ပဲပြောတယ်။ လူသိပ်မရှိဘူးလို့ပြောတယ်နော်။ ဒီစခန်းတွေကတော့ သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်းပါပဲ လူထုကိုဒုက္ခပေးတာပဲ မေးလားစမ်းလားနှောင့်ယှက်ပေးတာတောက်လျှောက်ပဲလေ”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီ၏ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်စဉ်အတွင်း ဘုရားသုံးဆူမြို့အခြေစိုက် စစ်ကောင်စီ၏ နဂါးတောင်လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှသိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့ကလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းတွင်ရှိသည့် စစ်ကောင်စီ၏ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးနှင့် နှစ်ဦးဒဏ်ရာနှင့်အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ(၁၄)လက်ထက်မနည်း ရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဘုရားတောင် တပ်စခန်းကို KNLA တပ်ရင်း(၁၆)က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

သတင်း

“ဒုတပ်ရင်းမှူးအပါအဝင် အကုန်လုံးသေတယ်” ဟု တပ်စုမှူးက ပြောကြားခဲ့ပြီး စခန်းကို သိမ်းပိုက်ရခြင်းမှာ ဒေသခံများ သွားလာရေး အခက်ကြုံအောင် လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြသည်။

သတင်း

စစ်ကောင်စီတပ်သည် အနောက်ကမ်းဖြူကျေးရွာနေ အသက်(၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ​ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။