Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

“ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရေး - ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို
ရေး - ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၁ ရက်)နံနက် ၆နာရီခန့်က ရေး – ထားဝယ်လမ်း မောင်မယ်ရှောင်တံတားအနီးတွင် ထားဝယ်မှ ရေဖြူမြို့ဘက်သို့ဦးတည်လာသည့် အစီးရေ ကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်မိုင်းတစ်လုံး၊ ရှေ့ ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း အစီးရေကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းမှ လေးစီးမြောက်ယာဥ်မှာ မိုင်းထိပြီး လမ်းဘေးချော်ကျသည်ကိုတွေ့ရှိရပြီး ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အတိအကျမသိရသေးဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

စစ်ကောင်စီတပ်ယာဥ်တန်းသည် ထားဝယ်မှ ရေဖြူဘက်သို့ ဆက်လက်ဦးတည်မောင်းနှင်သွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဘူးသီးတောင်မြို့နယ်ဟာ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဆယ်မိုင်လမ်းခွဲအပြင် လက်ဆည် ‌ရဲစခန်း မြောက်ဘက်နား ဂုဏ်ကုန်း၊ ကဇွန်းမ အရှေ့ဘက် ပုသိမ် - မုံရွာလမ်းဆုံ စသည့်နေရာများတွင်လည်း စစ်ဆေးလေ့ရှိကြောင်း ဆိပ်ဖြူနယ်ခံများက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။