Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချီဖွေရှိရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချီဖွေရှိ ရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော
ချီဖွေရှိ ရှငေါ်တံတားလုံခြုံရေးဂိတ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သုံးဦးသေဟု ဒေသခံပြော

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ ရှငေါ်တံတား လုံခြုံရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်မဟာ(၇)ကနေ သူတို့ရှိတဲ့ နေရာမှာ သွားပစ်တာ။ နာရီဝက်ပဲကြာပါတယ်။ တံတားနားမှာ ပို့စ်တစ်ခုရှိတယ်။ ခလရ(၅၂၁)။ ၃ကောင်ကျတယ် အဲဒါတော့ သေချာတယ်”ဟု ကချင်ဒေသခံက ပြောသည်။

ကချင်သတင်းဌာန Kachinwaves၏ ဖော်ပြချက် တွင် ရှငေါ်တံတားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂ဦးသေ၊ တစ်ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ရက်ကလည်း ဆော့လောမြို့နယ် တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်တို့ လက်နက်ခဲယမ်းများ သယ်လာသည့် ကားကို KIAက တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

“အဲဒီမှာလည်း သူတို့ ၂ကောင်ကျတယ်။ တစ်ကောင်ထွက်ပြေးသွားတယ်။ တစ်ကောင်က အရှင်ဖမ်းမိတယ်။ ပစ္စည်းနဲ့တကွ ဖမ်းမိတာ”ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့ရာ အဆက် အသွယ်မရသေးပေ။

KIA အနေဖြင့် စစ်ကိုင်းနှင့် ကချင်အစပ်ဒေသများ၌လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ရှမ်းမြောက်၌လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NMSP အဖွဲ့သည် အောက်တိုဘာ ၁၁ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယနေ့ အောက်တိုဘာလ(၁၅)ရက်တွင်ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့်နေ့တွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားအရေးအတွက်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင့်သင့်တာပြင်ဆင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။