Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စွဲထားသည့်ဟားခါးခရိုင်မီးသတ်ရုံးမီးလောင်ခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်သည့် ဟားခါးထွေအုပ်ရုံးရှိရာ စုပေါင်းရုံးပါမီးလောင်

မီးလောင်မှုကြောင့် မြို့နယ်ထွေအုပ်ရုံးခန်းနှင့်မြို့နယ် စည်ပင်ရုံးခန်း မီးလောင်သွားသည်ဟု စုပေါင်းရုံးဝန်ထမ်းများနှင့်နီးစပ်သည့်ဟားခါးဒေသခံ၏ပြောကြားချက်ကိုဖော်ပြထားသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

▪️ဟားခါး – ထန်တလန်ကြား တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကားနှစ်စီးမီးလောင် ခဲ့ပြီး ရက်ပိုင်းအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှိရာ လုံခြုံရေးတင်းကြပ်ထားသည့် စုပေါင်းရုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု The Chin Journal က ဖော်ပြထားသည်။

ယနေ့ အောက်တိုဘာ ၁၈ရက် နံနက် အစော ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေးတင်းကြပ်သည့်စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားကြောင်း၊ မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စသည့်ဟားခါးမြို့နယ်ရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့်နေရာဖြစ်ပြီး နံနက်ပိုင်း ၂နာရီခန့်က သေနက်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက်ထိုသို့မီးလောင်ခြင်းဖြစ်ကြောင်းဒေသခံ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

မီးလောင်မှုကြောင့် မြို့နယ်ထွေအုပ်ရုံးခန်းနှင့်မြို့နယ် စည်ပင်ရုံးခန်း မီးလောင်သွားသည်ဟု စုပေါင်းရုံးဝန်ထမ်းများနှင့်နီးစပ်သည့်ဟားခါးဒေသခံ၏ပြောကြားချက်ကိုဖော်ပြထားသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၅ရက် နံနက်အစော ၄နာရီခန့်ကလည်း ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် ဟားခါးခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်းဟားခါးမြို့တွင်းနှင့်ဟားခါး-ထန်တလန်အကြားတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)
(စစ်​ကောင်စီ၏ ဟားခါးခရိုင်​စု​ပေါင်းရုံးယ​နေ့နံနက်မီး​လောင်ကျွမ်း​နေမှု ။ဓါတ်ပုံ- The Chin Journal)

အောက်တိုဘာ ၁၆ရက် နံနက်က ဟားခါးမြို့ ၀န်ကြီးအိမ်ယာဘက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ကူပေးသကဲ့သို့စစ်ကားနှစ်စီးဖြင့်စစ်ကူစေလွှတ်ခဲသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၇ရက်တွင် ဖြစ်ပွားသော ဟားခါး-ထန်တလန်အကြား တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ၂ခေါက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု The Chin Journal က ဖော်ပြထားသည်။

အဆိုပါဒေသ၌ ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုပါ တပါတည်း စွဲချက်တင်လိုက်တာပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်မရှိအောင်လုပ်ရန် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

သတင်း

ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။

သတင်း

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။