Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန်တုံမြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)
(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA တပ်ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မန်တုံရှိ စစ်ကောင်စီတပ်စခန်းကို KIAက အောက်တိုဘာ ၁၇ရက်တွင် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“KIAတပ်ရင်း (၃၄)ဘက်မှာ စစ်ကောင်စီဘက်က ထိုးလာလို့ကျွန်တော်တို့ ခုခံတိုက်ပွဲဖြစ်တာရှိပါတယ်။ နောက်မန်တုံဘက်မှာလည်း ကျွန်တော်တို့ဘက်က ပြန်ပစ်တဲ့ဟာလည်းရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။

တိုက်ပွဲ၌ အထိအခိုက်အကျအဆုံး သတင်းများ မကြားရသေးကြောင်း ၎င်းကဆက်​ပြောသည်။

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မန်တုံမြို့နယ် အူမန်ကျေးရွာ အနီးရှိ KIA ရှေ့တန်းတပ်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာ၍ အောက်တိုဘာ ၁၇ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ထိခိုက်ကျဆုံးသူများကို ကားဖြင့် သယ်ယူခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားသည်။

KIAနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

KIA တပ်စခန်းကို ထိုးစစ်ဆင်လာ၍ မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်အား KIA/PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KIA/PDF ပူးပေါင်းတပ်သည် စက်တင်ဘာလကုန်ပိုင်းကလည်း ခလရ(၁၃၀) တပ်နှင့် မန်တုံရဲစခန်းကို တိုက်ခိုက်ခဲ့ရာ မန်တုံရဲစခန်းကို မီးရှို့ခဲ့သည်။ ထို့ပြင် မန်တုံမြို့နယ် ထွေအုပ်ရုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပညာရေးဝန်ကြီးဌာနသည် ဆရာဦးစောထွန်းမိုးကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုကြာင်း ဖော်ပြထားသည်။

သတင်း

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးပြီး လေးဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ (၆၀)မမ တစ်လက် ပျက်စီး ဆုံးရှုံးသွားကြောင်း ဖော်ပြထားသည်။

သတင်း

ဒါအပြင် မနေ့က ညပိုင်းမှာတင်ပဲ သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးနားမှာ ဖွင့်ထားတဲ့ ဆိုင်ခန်းတွေကို သေနတ်ပြပြီး ဖိအားပေး ရွှေ့ခိုင်းခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ထို့နောက် မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာမြို့သို့ လာသော စစ်ကောင်စီယာဥ် ၉စီးကို ထီးဆောင်းအနီး၌ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ခြောက်စီးမြောက်ကားထိမှန်ဖောက်ခွဲနိုင်ခဲ့ပြီး ၁၄ဦးသေဆုံးဟု သိရကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။