Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

“လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

(နံနက်ခင်းတစ်ခုတွင် ဆုတောင်းနေကြသော ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသမှ KIA စစ်သားများ၊ ဓာတ်ပုံ - EPA)
(နံနက်ခင်းတစ်ခုတွင် ဆုတောင်းနေကြသော ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသမှ KIA စစ်သားများ၊ ဓာတ်ပုံ - EPA)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နှင့် နှစ်မိုင်ခန့်ဝေးသော လုံဂျာတောင်ပတ်ဝန်းကျင်တွင် ယနေ့(အောက်တိုဘာ ၂၁ ရက်) နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြေပြင် တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာကြောင်း သတင်းများထွက်ပေါ်‌ပြီးနောက် ညနေ ၃နာရီခန့်မှစတင်၍ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

လုံဂျာတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သို့သော် ယနေ့ညနေပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟု ဆိုသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်သကဲ့သို့ ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ဗုံးကြဲလာကြောင်း လိုင်ဇာ TV သတင်းက ဆိုသည်။

သတင်း

အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကိုကျန်ရစ်သောရဲဘော်များကဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။

သတင်း

ကရင်နီအမျိုးသားခုခံတော်လှန်ရေး၌ ပါဝင်လာကြသည့် ရဲဘော်များ၏ တာဝန်သည်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရမည့်အပြင် ပြည်သူလူထုကိုလည်း ကာကွယ်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

ကရင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​​​နေပြီး စစ်​ကောင်စီ​ဆေးရုံတွင် ဒဏ်ရာရစစ်သားများဖြင့်ပြည့်​နေ​ကြောင်းလည်းအထက်ပါသတင်းရင်းမြစ်က​ပြောသည်။