Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မံစီမြို့တွင် KIA/PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

KIA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - getty images
KIA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - getty images

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မိုးမောက်မြို့၌ ယမန်နေ့ ညအထိ တိုက် ပွဲဖြစ်နေပြီး မံစီမြို့တွင်လည်း လက်နက်ကြီး ပစ်ခတ်သံများကြားနေရကြောင်းဒေသခံများက ပြောသည်။

“မိုးမောက်တိုက်ပွဲက ဒီညမှာ ကျောက်စခန်းနားအထိ ရောက်လာတယ်။ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

KIA၊ PDF ပူးပေါင်းတပ်သည် မိုးမောက်မြို့နှင့် (၂) မိုင်ခန့်ဝေးသော လုံဂျာတောင်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၂ရက် နံနက်မှစ၍ တိုက်ခိုက်ခဲ့သည်။မြေပြင်တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် ညအထိ ဆက်ဖြစ်နေပြီး မိုးမောက်မြို့အထွက်ရှိ ကျောက် စခန်းအနီးတွင် ယမန်နေ့ည ၁၀နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ထို့အပြင် တရုတ်နယ်စပ်အနီးရှိ မံစီမြို့ပေါ်တွင် လည်း တိုက်ပွဲဖြစ်လာနိုင်‌ခြေရှိပြီး ယနေ့ည ၉နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ ၂၃ ရက်)က ရေယာဥ်ခုနစ် စီးပါ စစ်ကောင်စီတပ်သည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာမှ အထက်သို့ ဆန်တက်လာစဥ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။