Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းတိုက်ခိုက်ခံမှုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအားတွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု KIO ထုတ်ပြန်

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)

အနန့်ပါ(A Nang Pa)လေကြောင်းတိုက်ခိုက်ခံမှု ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအားတွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သည်။

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့သော အနန့်ပါမှာ KIA (ကချင်လွတ်လပ်ရေးတပ်မတော်)၏ တပ်စခန်း မဟုတ်ကြောင်း၊ ခရီးသွားများ ခေတ္တခဏ အနားယူသည့် စျေးဆိုင်တန်းစခန်းငယ်နေရာဖြစ်သည်ကို အာဏာရှင်စစ်ကောင်စီတပ်က သိရှိထားသော်လည်း လူအစုလိုက်အပြုံသေကြေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သဖြင့် တန်ဖိုးမဖြတ်နိုင်သော အရပ်သားပြည်သူများနှင့် KIO အမှုထမ်းများ မြောက်များစွာထိခိုက်သေဆုံးခဲ့ရကာ ပြည်သူအများက များစွာ၀မ်းနည်းကြေကွဲထိတ်လန့်ခဲ့ရသည်ဟု KIO က ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံမှုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအားတွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု KIO ထုတ်ပြန်
လေကြောင်းတိုက်ခိုက်ခံမှုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအားတွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဟု KIO ထုတ်ပြန်

(၆၂)နှစ်မြောက် KIO နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးကော်မတီ၏ ဖိတ်ကြားမှုကို တန်ဖိုးထားအလေးထားကာ ပါဝင်တက်ရောက်သဖြင့် အာဏာရှင်စစ်ကောင်စီ၏ တိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများအတွက် များစွာစိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းနှင့် အသက်ဆုံးရှုံးသွားကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း အထူးဖော်ပြအပ် ကြောင်း ထုတ်ပြန်သည်။

အာဏာရှင်စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးရသည့်ဖြစ်ရပ်အတွက် ၀မ်းနည်းပူဆွေးထိတ်လန့်နေသူများကို အားပေးစကားပြောကြားသည့် လူပုဂ္ဂိုလ်များ၊ ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည့် အဖွဲ့အစည်းများ၊သဘောထားထုတ်ပြန်ချက်ထုတ်ပြန်သည့်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိ မှတ်တမ်းတင်ကြောင်းဆက်လက်ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)

“ပြည်သူလူထုအနေနဲ့လည်း နောက်မဆုတ်စတမ်း ရှေ့ဆက်ပြီးမှ တော်လှန်ရေးက ဆက်လုပ်ရမှာပဲ။ သူတို့ ဒီလိုမျိုး တိုက်ခိုက်မှု လုပ်လေလေ ကျနော်တို့ တော်လှန်ရေး အရှိန်အဟုန်က ပိုပြီး လုပ်ဖြစ်မှာပါ။ ပြည်သူလူထုတွေလည်း ဝမ်းနည်းမယ့်အစား ပေါ့နော် မကျေနပ်မှုနဲ့ ခွန်အားယူပြီးမှ ရှေ့ဆက်ပြီး တော်လှန်ရေးလမ်းကြောင်းပေါ် လမ်းကြောင်းတည့်အောင် ကျနော်တို့ ကြိုးစားပြီးမှ ရှေ့ဆက်ဖို့ အရေးကြီးတယ်လို့ ပြောလိုပါတယ်”ဟုKIO/KIA အဖွဲ့အစည်း၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်​နေ့က People’s Spring နှင့်အင်တာဗျူးတွင်​ပြောကြားသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

သတင်း

အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။

သတင်း

မန္တလေးတိုင်းအတွင်းရှိ NLD ပါတီဝင်များနှင့် NLDအမာခံများကို စစ်ကောင်စီလက်အောက်ခံသွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

သတင်း

Myanmar Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက လည်း"အဲဘက် စခန်းစီးခံရတယ် သတင်းကြားမိတယ်ဗျ။ ကျွန်တော်တို့ဘက်ကဆို အရှေ့ဘက်ကျမယ်ဗျ။"ဟု ပြောသည်။