Hi, what are you looking for?
လက်ရှိတော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်ခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်သည့် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။
ကျဆုံးလုနီးပါးဖြစ်နေသည့်စစ်အာဏာရှင်ကို ယခင်ကထက်မဟာဗျူဟာမြောက်သည့်တော်လှန်ရေးလုပ်ငန်းစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၊နွေဦးတော်လှန်ရေးအင်အားစု များအား လေးနက်စွာ တောင်းဆိုကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကယနေ့ထုတ်ပြန်ကြေညာသည်။
နွေဦးတော်လှန်ရေးအဓိကလမ်းစဉ်ဖြစ်သောစစ်အာဏာရှင်စနစ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် အဆုံးထိရောက်ရှိအောင် လက်တွေ့လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပြီး ခေတ်အဆက်ဆက် အာဇာနည်များ၏ ပေးဆပ်မှုများ အလဟသ မဖြစ်အောင် ကြိုးစားရန် တိုက်တွန်းလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် မဟာလူမျိုးကြီးဝါဒကို နံပါတ်(၁)ရန်သူအနေဖြင့် သတ်မှတ်ပြီး စစ်အာဏာရှင်များကိုလည်း အဓိကရန်သူအဖြစ်သတ်မှတ်ကာ မည်သည့်မဟာမိတ်အဖွဲ့များနှင့်မဆို အတူတကွ ပူးပေါင်းရင်ဆိုင်နေပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက စစ်အာဏာရှင်အမြစ်ပြတ်ရန် များစွာခက်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက သတိပေးပြောကြားလိုက်သည်။