Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းတိုက်ခိုက်ခံရသည့် အနန့်ပါဒေသသည် KIAစခန်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က မင်းအောင်လှိုင်ကို ရည်ညွှန်းအသိပေး

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ - Gunmaw Sumlut/FB

“အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ”— ဗိုလ်ချုပ်ဂွန်မော်

အကြမ်းစစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ဖားကန့်မြို့နယ် အနန့်ပါဒေသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်က ယနေ့ မွန်းလွဲပိုင်း၌ ၎င်း၏ Facebookမှတစ်ဆင့် အသိပေးပြီး စာပါအကြောင်းအရာများကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မိတ္တူပေးကြောင်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သည့် နေရာသည် ခရီးသွားများခေတ္တနားကြသည့် စျေးဆိုင်တန်းစခန်းငယ်လေးသာဖြစ်ကြောင်း၊ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျင် ရန်ဖက်အဖြစ် မသတ်မှတ်ခဲ့ကြောင်း၊ ယခု အနန့်ပါ သို့လာရောက်သော ပြည်သူလူထုများ ဒေသခံများကို စစ်ကောင်စီမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်၏ စာ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

“လူငယ်များကို အခွင့်ကြုံတိုင်း ဘ၀မှာ ပြုပြင်လို့မရနိုင်မည့် အမှားများ မလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလို အမှားများကို လုပ်သူတွေက လူကြီးတွေဘဲ ဖြစ်နေပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က မင်းအောင်လှိုင်ကို မိတ္တူပေးသည့် စာ၌ရေးသားထားသည်။

အနန့်ပါဒေသတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံ ရောက်ရှိပါစေဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းမေတ္တာပို့ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆုတောင်းမေတ္တာ ပို့ထားသည်။

ဓာတ်ပုံ - Gunmaw Sumlut/FB
ဓာတ်ပုံ – Gunmaw Sumlut/FB

“မိသားစုအားလုံးနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ်။ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ”ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသားခဲ့သည်။

KIO အထိမ်းအမှတ်နေ့ အခမ်းအနားအကြို ဂီတပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က အနန့်ပါ ဒေသကို အောက်တိုဘာ ၂၃ရက်ညပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ ပြည်သူလူထုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ KIO စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ သေဆုံးထိခိုက်ရပြီး ယခုအချိန်ထိ ရုပ်အလောင်း ၆၀ တွေ့ရှိထားကာ ဒဏ်ရာရသူ ၅၅ဦးနှင့် ပျောက်ဆုံးနေသူများ ရှိကြောင်း KIAက အတည်ပြုထားသည်။

Facebook

You May Also Like

သတင်း

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

သတင်း

အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။

သတင်း

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

သတင်း

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။