Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် မုံးပေါ် နှင့် ကချင် မိုးမောက်၌ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်၊ဖားကန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)
(ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)

▪️ရေကြောင်းမှ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ စစ်ကောင်စီတပ် ဖြည့်တင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO)၏ လိုင်ဇာတီဗီက သတင်းဖော်ပြသည်။

KIA အမှတ်(၆)တပ်မဟာ အမှတ် (၃၆)တပ်ရင်း နယ်မြေ မုံးပေါ်ဒေသ၌ အောက်တိုဘာ ၂၅ရက် နံနက် ၈နာရီခန့်မှစပြီး ညနေ ၄နာရီထိ တိုက်ပွဲဖြစ် ခဲ့သည်ဟု ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိမရှိ အခြေ အနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တပ်ရင်း(၃၆)နယ်မြေတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိကြောင်း ဖော်ပြထား သည်။

Public Service Announcement
Public Service Announcement

ကချင်ပြည်နယ် မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်၌လည်း KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅)နယ်မြေ မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်တွင်အောက်တိုဘာ ၂၂ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။

ဖားကန့်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း လိုင် ဇာတီဗီက သတင်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရေကြောင်းက သင်္ဘောများဖြင့် ကချင်ပြည်နယ်သို့ ဆန်တက်လာကြောင်း၊ ထိုသို့ ဆန်တက်ရာတွင် တိုက် လေယာဉ်က လုံခြုံရေးလိုက်ပါလာကြောင်းဖော်ပြထားသည်။

Facebook

You May Also Like

သတင်း

ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်ဦးမြင့်နိုင်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် အမှုတွဲဖြစ်တဲ့ အဖွဲ့ဝင် ဦးသန်းဌေးကိုတော့ ပြန်လွှတ်ပေးတာမရှိဘူးလို့ စုံစမ်းသိရပါတယ်။

သတင်း

အောက်တိုဘာ ၂၂ ရက်က စတင်ခဲ့သည့် ငါးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၈)ဦးခန့် သေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။