Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ် – ထီးခီးလမ်းပိုင်း နေ့ဘက်သာအသုံးပြုရန် တော်လှန်ရေးပူးပေါင်းတပ်(၈)ဖွဲ့ သတိပေး

လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။

(ထားဝယ် - ထီးခီးလမ်းပိုင်းတွင် ယာဥ်အသွားအလာများအား တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမှု လုပ်ဆောင်နေစဥ်၊ဓာတ်ပုံ - DEF PDF)
(ထားဝယ် - ထီးခီးလမ်းပိုင်းတွင် ယာဥ်အသွားအလာများအား တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမှု လုပ်ဆောင်နေစဥ်၊ဓာတ်ပုံ - DEF PDF)

▪️ပြည်ပပို့မည့် ဘောလုံးကား၊ သံတိုသံစယာဥ်နှင့် မီနီအိုးဝေများ ဖြတ်သန်းခွင့်မပြု

ထားဝယ် – ထီးခီးလမ်းပိုင်းအား ယနေ့(အောက်တို ဘာ ၂၉)မှစ၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ အသုံးပြုကြရန် ထားဝယ်(ပ.က.ဖ) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ (၈)ဖွဲ့ပူးပေါင်းပြီး မေတ္တာရပ်ခံလိုက်သည်။

ယခုကာလသည် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအား ရှေ့ရှုကာ ထားဝယ် – ထီးခီးလမ်းပိုင်းအသုံးပြုမှုအား စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“လမ်းပိုင်းစစ်ဆေးမှုတွေ အခုစလုပ်နေပါပြီ။ အလျဉ်းသင့်သလို စစ်ဆေးမှူပြုလုပ်သွားမှာပါ ခင်ဗျာ။ အဓိကကတော့ ညဘက် လုံးဝဖြတ်သန်းခြင်းမပြုလုပ်ကြဖို့ပါ”ဟု ထားဝယ်အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ထားဝယ် – ထီးခီးလမ်းပိုင်းအားအသုံး ပြု၍ ပြည့်ပသို့ ကုန်ပစ္စည်းပို့မည့် ဘေးလုံးကားများ၊ သံ တိုသံစတင်ယာဥ်များ၊ သုံးဘီးယာဥ်များအား လုံးဝဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း တော်လှန်ရေး(၈)ဖွဲ့၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြသည်။

အလားတူ သတ်မှတ်အချိန် နံနက် ၆ နာရီမှညနေ ၆ နာရီအတွင်း ဖြတ်သန်းသွားလာမည့် မည်သည့်ယာဥ်မဆို ကားမှန်များချ၍ မောင်းနှင်ရန်၊ အမိုးများဖုံးအုပ်မထားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုအား ကြည် ဖြူစွာလက်ခံပေးကြရန် မေတ္တာရပ်ခံထားသည်။

လမ်းပိုင်းအသုံးပြုမှုနှင့်စပ်လျဥ်း၍ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသော တော်လှန်ရေး(၈)ဖွဲ့တွင် ထားဝယ် ပ.က.ဖ၊ ထားဝယ်အရှေ့တောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ DDT၊ DGRF၊ ဘီလုံးပြောက်ကျားတပ် စသည်တို့ ပါဝင်သည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံပြည်သူများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ရွှေငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်း​ကြသည်။

သတင်း

ပြီးခဲ့တဲ့ လပိုင်းကတော့ မန္တလေးတိုင်းအတွင်းမှာ လောင်းကစားဝိုင်းတွေကို PDF က ဝင်ဖမ်းခဲ့ပြီး ထပ်မံ မလုပ်ဆောင်ကြဖို့သတိပေးတာတွေရှိခဲ့ပါတယ်။

သတင်း

ဒါ့အပြင် ပြည်သူများအနေဖြင့် ကော်သူးလေတပ်မတော်၏ ခွင့်ပြုချက်မရှိပဲ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် သွားလာခြင်းမပြုရန် ဗိုလ်ချုပ်စောနယ်ဒါးမြက မေတ္တာရပ်ခံထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတင်း

ယင်းဖြစ်ရပ်သည် စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲနိုင်ရန် မည့်သည့်စစ်ရာဇဝတ်မှုကိုမျှ ဂရုမပြုဘဲ အဆုံးစွန်ထိရက်စက်ယုတ်မာသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်အဖန်ဖန်ပြသနေခြင်းဟု GSCB က ဆိုသည်။