Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အောက်တိုဘာ ၂၇ရက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာစိတ်နှလုံးကြေကွဲ ယူကြုံးမရဖြစ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဆရာတော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး၌ ပြည်သူ့နှင့်အတူ ရပ်တည်ပါဝင်ခဲ့၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေစဉ် နှလုံးသွေးကြောပိတ်ဝေဒနာဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် သက်တော်ထင်ရှား ရှိစဉ်ကာလတစ်လျှောက်လုံး ဘာသာ၊ သာသနာတိုးတက်ပြန့်ပွားရေးအတွက် ကြိုးပမ်းခဲ့သည့်နည်းတူ၊ ပြည်သူလူထု တစ်ရပ်လုံးကိုလည်း ဓမ္မ၊ အဓမ္မ ခွဲခြားသိမြင်စေလျှက် အဓမ္မကို တွန်းလှန်ကာ ဓမ္မနှင့်အညီသာ ကျင့်ကြံနေထိုင်စေရေးအတွက် လမ်းညွှန်မှုပြု၍ ကိုယ်တိုင်လည်း ဓမ္မနှင့်အညီသာ ရပ်တည်ပြခဲ့ပါသော၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် စံနမူနာပြု သာသနာ့အာဇာနည် တစ်ပါးအဖြစ် မိမိတို့အနေဖြင့်အသိအမှတ်ပြုကြောင်း NLD၏ သဝဏ်လွှာ၌ ပါရှိသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။

ပြန်လည်လွတ်မြောက်ချိန်တွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းမှုများတွင် ပြည်သူလူထုနှင့် တစ်သားတည်း တစ်စိုက်မတ်မတ် ရပ်တည်တော်မူခဲ့ကြောင်း၊ ထိုသို့ သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ၊ဟီရိ၊သြတပ္ပတို့နှင့်ပြည့်စုံသည့် ဓမ္မဘက်တော်သားဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် စစ်မှန်သောသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက်သာမက၊ မိမိတို့နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါကြီးမားသည့် ဆုံးရှုံးမှု့ဖြစ်ပါကြောင်း NLDက ဆိုသည်။

ဆရာတော်၏ ဈာပနကို မဲဆောက်မြို့နယ်တစ်နေရာ၌ ယနေ့(အောက်တိုဘာ ၃၁ရက်)မွန်းလွဲ ၃နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။

You May Also Like

သတင်း

"အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်"ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

သတင်း

ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

NLD အစိုးရအဖွဲ့ဝင်တွေထဲ အသက်အကြီး ဆုံးဖြစ်တဲ့ ဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူလည်းဖြစ်ပါတယ်။

သတင်း

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။