Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်

နံနက် ၁၁ နာရီကျော်ခန့်ကလည်း စစ်ကောင်စီစစ် ကြောင်းတစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အလ္လကပ္ပရွာ ဥယျာဥ်တောခြံထဲသို့ ရောက်ရှိလာခဲ့သည်။

မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်
မြင်းမူထွေအုပ်ရုံးအနီး ပေါက်ကွဲမှုဖြစ်၊ စစ်အုပ်စုက လက်နက်ကြီး​ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ထွေအုပ်ရုံးအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၄ ရက်) နံနက် ၉ နာရီခွဲခန့်က မြင်းမူမြို့ စစ်ကောင်စီအုပ်စုတပ်စွဲရာ ထွေအုပ်ရုံးဝန်းကျင် ပေါက်ကွဲသံ နှစ်ချက်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်များကလ​ည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

နံနက် ၁၁ နာရီကျော်ခန့်ကလည်း စစ်ကောင်စီစစ် ကြောင်းတစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာမှ အလ္လကပ္ပရွာ ဥယျာဥ်တောခြံထဲသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် မြင်းမူ-အလ္လကပ္ပ အနောက်ရိပ်သာ ကားလမ်းတောင်ဘက်မှ ကျော့မင်းရွာ အရှေ့ဘက်ကို (၆၀)မမ လက်နတ်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ထိခိုက်မှုရှိမရှိ မသိရသေးဟု ဒေသခံတို့က ပြောသည်။

“ဒီနေ့ မနက် စခတပ်က တပ်မ ၃၃ ဘက်တံဆိပ်တွေ လက်ပက်အနီ ခြင်းကြားတွေနဲ့ပါ။”ဟု MUA အဖွဲ့မှ ကိုတိုက်ဂါး(မြောင်)က ပြောသည်။

အဆိုပါစစ်ကြောင်းသည် လက္ကပင်ရွာဘက်သို့ ဦးတည်နေပြီး မြောင်နယ်နှင့် ရွှေပေါက်ပင် ပြည်သူများ အထူး ဂရုစိုက်ကြရန် MUA အဖွဲ့မှ ကိုတိုက်ဂါး (မြောင်)က ပြောသည်။

နိုဝင်ဘာ ၃ရက် နံနက် ၉ နာရီခွဲခန့်ကလည်း မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာသို့ဝင်ရောက်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြည်သူ့နေအိမ်များကို ဖျက်ဆီးခဲ့ပြီး ညနေပိုင်း၌ ရွာကိုမီးရှို့ခဲ့၍ နေအိမ် ၆လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့သည်။

သတင်း

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

ရွှေပြည်သစ်ကျေးရွာမှ တတိယတန်းကျောင်းသား တစ်ဦးဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကာ ၇ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု Western Newsက ဖော်ပြသည်။