Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ ဝီယော်တပ်စခန်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက်

ယခုတိုက်ခိုက်မှုသည် စခန်းသိမ်းတိုက်ခိုက်သည့် အနေအထားမျိုးမဟုတ်ဘဲ ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU­­) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ ဝီယော်တပ်စခန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဝီယော်တပ်စခန်းကို နိုဝင်ဘာ ၄ရက်က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“KNLAနဲ့ အဲဒီဘက်က ကျနော်တို့မိတ်ဖက်တပ် ပေါင်းစုပေါ့။ အဲဒီလိုမျိုးတိုက်တာ။ ဒါပေမဲ့ အထိအခိုက်စာရင်းက အခုအချိန်ထိ မရသေးဘူး”ဟု မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ယခုတိုက်ခိုက်မှုသည် စခန်းသိမ်းတိုက်ခိုက်သည့် အနေအထားမျိုးမဟုတ်ဘဲ ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဝီယော်တပ်စခန်းကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယခင်ကလည်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အဆိုပါ ဝီယော်တပ်စခန်းသည် ပြည်သူလူထု များကို လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ခမရ(၉) လက်အောက်ခံတပ်စခန်း ဖြစ်သည်။ ယခုနှစ် မတ်လက ဝီယော်တပ်စခန်းမှ စစ်ကောင်စီတပ်များက သထုံမြို့နယ် ကျောက်တောင်ရွာဘုရားပွဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ ၃ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

KBC လက်အောက်ရှိ အဆိုပါကျမ်းစာသင်ကျောင်း ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်း

ဗိုလ်ကြီးစောသန်းလှန်သည် ၁၉၈၃တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် အတွက် ဗိုလ်မှူးစောမင်းသိမ်းဦးဆောင်သော KNU တပ်ဖွဲဝင်များနှင့်အတူ ပါဝင်ခဲ့ပြီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောက်တိုဘာ ၂၂ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ကန့်ဘလူနယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။