Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းကို KIA မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးရှိ

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၈ရက်) မနက်တွင် တိုက်ခိုက်ခဲ့ကြောင်း လီဒိုလမ်းရှိဒေသခံတစ်ဦးကပြောသည်။

“တနိုင်းကနေ အောက်ဘက်ကို ဆင်းလာတဲ့စစ်ကြောင်းကို မိုင်းရောဆွဲ ၊ ပစ်လဲပစ်တာ”ဟု ၎င်းက​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိနိုင်သည်ဟု သိရသည်။

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသသည် KIA တပ်မဟာ(၂)နယ်မြေတွင်ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ရာ လီဒိုလမ်း နန့်ဖျန်နှင့် တိမ်ကောက်ကြားတွင် ယနေ့မနက် ၆နာရီခန့်က စစ်ကောင်ဏီတပ်ကို KIA တပ်ရင်း (၄၃) တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့သည်ဟု ​ပါရှိသည်။

ကချင်ဒေသစစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ကချင်သတင်းရင်းမြစ် တစ်ခုကလည်း လီဒိုလမ်း တိုက်ပွဲ၌ စစ်ကောင်စီ၏ ခလရ(၂၉၇) တပ် စစ်ကြောင်းကို KIA တပ်မဟာ(၂) ၊ တပ်ရင်း(၄၃) တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိသည်ဟု​ဖော်ပြထားသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဖားကန့်၊ မိုးမောက်ဒေသများ၌လည်း ယခုရက်ပိုင်ူအတွင်းတိုက်ပွဲများဖြစ်ပွား​နေသည်။

You May Also Like

သတင်း

ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

"စကစက ကျောင်းပြန်ဖွင့်ဖို့ ကျွန်တော်တို့ နာမည်တလွဲ အသုံးချနေတာကြောင့် ထုတ်ပြန်သတိပေးတာပါ"ဟု မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။

သတင်း

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်လာမှုနှင့် နိုင်ငံတဝှမ်း ဒေသအနှံ့ပျံ့နှံ့လျက် ရှိနေသည့် ကာလရှည်ကြာ ပဋိပက္ခဆီသို့ ဆင့်ကဲပြောင်းလဲလာမှုအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း အီးယူက ထုတ်ပြန်သည်။