Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်း-ယောအစပ်သို့ YDF အယောင်ဆောင်ဝင် ရောက်လာသည့် စစ်ကောင်စီတပ်က ဓားစာခံစစ်ရှောင် ၆ဦးနှင့် ဒေသခံ ၃ဦးကို သတ်ဖြတ်ဟု မင်းတပ် CDF ပြော

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat

▪️မင်းတပ် CDF စနိုက်ပါ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေ

ချင်းပြည်နယ်နှင့် ယောဒေသအစပ် ချင်းပြည်နယ် ပလုံတီရွာသို့ စစ်ကောင်စီတပ်က ယောဒေသကာကွယ်ရေးတပ်(YDF) အယောင်ဆောင် ဝင်ရောက်လာပြီး ယောဒေသမှ စစ်ရှောင်ပြည်သူ ၆ဦးနှင့် ဒေသခံ ချင်းတိုင်းရင်းသား ၃ဦးကို သတ်ဖြတ်သွားကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

နိုဝင်ဘာ ၇ရက် နံနက်ပိုင်းတွင် YDF ဝတ်စုံများ ဝတ်လာသည့် စစ်ကောင်စီတပ်သား အချို့က ချင်းပြည်နယ် ပလုံတွီကျေးရွာသို့ ဦးစွာလာရောက်ကာ ဆေးကုသပေးမည်ဟု ပြောဆိုကြောင်း၊ နောက်ပိုင်းတွင် အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းက ပလုံတွီရွာသို့ ဝင်ရောက်စီးနင်းကာ ဒေသခံ ပြည်သူ အများစုနှင့် စစ်ဘေးရှောင် ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးသွားကြောင်း မင်းတပ် CDFက ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

“YDFက ပါ ဆေးကုဖို့လာတာပါ ပြောပြီးလေး၊ငါးယောက်လောက်ရောက်လာတယ်။ ပြည်သူတွေက အငိုက်မိနေတဲ့အချိန်မှာ ခြင်းကြားတောင်းတွေနဲ့ စကစတွေက ဘောလုံးကွင်းဘက်က ပတ်ပြီးတောက်လျှောက် ရွာကိုပစ်တယ်။ အဲဒီအချိန်မှာ ဒေသခံ အမျိုးသားတော်တော်များများက အမဲဖျက်နေတာ။ စစ်ရှောင်တွေနဲ့ ပြည်သူတွေအတွက်အမဲဖျက်နေတဲ့အချိန် သူတို့က အမဲဖျက်နေတဲ့နေရာ ဝင်စီးတယ်။ ပွဲချင်းပြီး တစ်ယောက်သေသွားတယ်။ ကျန်တဲ့ချင်းအမျိုးသား အားလုံးက ထွက်ပြေးကြတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစားခံအဖြစ် ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး ယင်းအနက်မှ စစ်ရှောင်အမျိုးသား ၇ဦးကို စစ်ကောင်စီတပ်က ရွေးထုတ်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

ယမန်နေ့ (နိုဝင်ဘာ ၁၀ရက်)တွင် စစ်ကောင်စီတပ်များထီးလင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားရာ ၎င်းတို့နှင့်အတူ စစ်ရှောင်အမျိုးသားတစ်ဦးကိုသာ ခေါ်ဆောင်သွားကြောင်း တွေ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ စစ်ကောင်စီတပ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် အလောင်းမီးရှို့ရာနေရာအား တွေ့ရှိပြီး စစ်ဆေးရာ အလောင်းများကို မီးရှို့ပြီး ကျန်အရိုးစုများကိုလည်း ကြေမွ အောင် ထုချေ ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

“သူတို့ပြန်သွားတဲ့အချိန် ကျွန်တော်တို့ ကြည့်လိုက်တော့ စစ်ရှောင်က တစ်ယောက်ပဲဖြစ်နေတာ။ ဆိုတော့သူတို့ ဖမ်းသွားတာ ၇ယောက်၊ တစ်ယောက်ပဲဆိုတော့ ခြောက်ယောက်ရယ်၊ ဒေသခံ က နီးစပ်ရာ ရွာတွေရောတောတွေရော ရှာတော့ ၂ယောက်ကလည်းပျောက်နေတယ် ဆိုတော့ ဒေသခံက ဆုံးသွားတဲ့ အမျိုးသားတစ်ယောက်ရယ်၊ ပျောက်နေတဲ့ ဒေသခံနဲ့ဆို ချင်းလူမျိုးက သုံးယောက် ၊ ယောနယ်က ၆ယောက် အားလုံး ပေါင်း ၉ယောက်က သူတို့ လူမဆန်စွာ နှိပ်စက်ပြီး သတ်တယ်လို့ ယူဆတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

ထိုသို့ အလောင်းမီးရှို့သတ်ဖြတ်ပြီး အရိုးများကို ထုချေသွား၍ မိသားစုက နာရေးပြုလုပ်ရန်ပင် ခက်ခဲ့ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျေးရွာကို မင်းတပ် CDFက ဝိုင်းထားသော်လည်း စစ်ကောင်စီတပ်က ရွာသားများကို ဓားစားခံဖမ်းထား၍ ဖမ်းဆီးခံထားရသည့် ပြည်သူများကို ငဲ့ပြီး ဝင်ရောက် မတိုက်ခိုက်နိုင်ခဲ့ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကိုယ့်နယ်ထဲကို ယုံကြည်စိတ်ချစွာလာပေမယ့် ကျနော်တို့ဘက်က မစောင့်ရှောက်ပေးခဲ့နိုင်လို့ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

You May Also Like

သတင်း

"ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး"ဟုမိုးမောက်မြို့ခံတဦးကပြောသည်။

သတင်း

"ဒရုန်းနဲ့တိုက်ခိုက်တာ ဝိုင်းဖွဲ့နေတဲ့နေရာကိုကျတယ်။ အနည်းဆုံး သုံးကောင်သေတယ်။ ဒဏ်ရာရရှိမှုများလည်း ရှိပါတယ်"ဟု ကိုသက်ကြီးက ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်ရုံးတပ်ဖွဲ့များဖြင့်သာ နောက်တန်းလုံခြုံရေးယူထားရသည်ဟု ၎င်းတို့က ဆိုသည်။

သတင်း

အိမ်ခြေလေးရာရှိသည့်အနက် အများစု မီးလောင်သွားပြီး ရွာကို ဝင်၍မရသေးသောကြောင့် အိမ်ခြေအတိအကျမသိရသေးဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။