Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA၊ PDFနှင့် စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်

“ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး”ဟုမိုးမောက်မြို့ခံတဦးကပြောသည်။

KIA၊PDFနှင့်စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်
KIA၊PDFနှင့်စစ်​ကောင်စီတပ်မိုး​မောက်မြို့တွင်တိုက်ပွဲပြန်ဖြစ်

မိုးမောက်မြို့တွင် ကချင်လွတ်လပ်​ရေးတပ်(KIA) ၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား​ကြောင်း ဒေသခံများကပြောသည်။

နံနက် ၇နာရီခန့်မှစတင်၍ သေနတ်သံများကြားနေရပြီး ယခုသတင်းရေးသားချိန် ၁၁နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု မြို့ခံများကပြောသည်။

“ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး”ဟုမိုးမောက်မြို့ခံတဦးကပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၁ရက်)တိုက်ပွဲသည်မိုးမောက်မြို့ ခါနန်ရပ်ကွက်‌၊နောင်ပေါင်းရွာအနီးတွင်ဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်တွင် အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများ​ပြီးအထိနာကြောင်း ​KIA သတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂၂ရက်မှ အောက်တိုဘာလ ၂၉ ရက် အထိ ရှစ်ရက်အတွင်း အရပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

နိုဝင်ဘာလဆန်းတွင် တိုက်ပွဲရပ်တန့်နေရာမှ ယနေ့တကျော့ပြန်ဖြစ်ပွားခြင်းဖြစ်သည်။ယ​နေ့တိုက်ပွဲနှစ်ဖက် ထိခိုက်ကျဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ ။

You May Also Like

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ဗီဒီယို

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။