Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၃ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)
(KNU/KNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-EPA)

▪︎တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်တုံ့ပြန်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အဆိုပါ ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမတပ်ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၂ရက် မနက် ၄နာရီမှစ၍ KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း (၉)နှင့် တပ်ရင်း(၇) နယ်မြေ ရှိ ဘောကထှာ၊ တုံးတံတား၊ သံဆိပ် စစ်ကောင်စီစခန်းများကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များဘက်က မနက် ၇နာရီမှစ၍ နံနက် ၉နာရီ ၄၅ မိနစ်အထိ တိုက်လေယာဉ် ၃စီး၊ ရဟတ်ယာဉ် ၁စီး အသုံးပြု လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားနေကြောင်းထုတ်ပြန်သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။

“ ဒီဘက်ကတော့ လေယာဉ်နဲ့လာချတဲ့အထိ မထိခိုက် သေးပါ။ ခွေး(စစ်ကောင်စီ)ဘက်ကတော့ မသိရသေး”ဟု ရိုးမတပ်ဖွဲ့ မှတာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ဗဟိုမှ သတင်းရင်းမြစ်ထံသို့ ဆက်သွယ်ရာ တရားဝင်ကြေးနန်းမရသေးသော်လည်း အွန်လိုင်းသတင်းများကို ကြားသိရသည်ဟု ပြောသည်။

“ဆက်ဖြစ်မှာပဲ ဒါက ။ တစ်နိုင်ငံလုံးပေါ့” ဟု KNU ဗဟို မှ သတင်းရင်းမြစ်က ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

သတင်း

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

ဆောင်းပါး

ရာဇဝတ်မှုများထူ​ပြောလာခြင်းနှင့်ပတ်သပ်၍ ပြည်တွင်းလူနေမှုစစ်တမ်းများ စာတမ်းပြုစုခဲ့သည့် ကိုသူရိန်က "စစ်တပ်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာတွေအားလုံးက သူတို့နဲ့ အလုံးစုံသက်ဆိုင်တယ်။အခုလို မိုက်ကြေးခွဲလုယက်မှုတွေ၊လုယက်သူတွေကို လျစ်လျူရှုပြီး စစ်တပ်ကို ပုန်ကန်သူတွေကိုပဲ အဓိကထား ဖမ်း ဆီးနေသမျှ ကာလပတ် လုံး ပြည်သူတွေအနေနဲ့လည်း ဘယ်တော့မှ လုံခြုံနိုင်မှာမဟုတ်သလို နိုင်ငံရဲ့အခြေခံစနစ်တွေဖြစ်တဲ့ စီးပွားရေး၊ကျန်း...

သတင်း

မနေ့က နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးအတွက် အချက် ၁၅ ချက်ပါတဲ့ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။