Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံမြို့နယ် ဝင်းစိန်ရွာကို စစ်ကောင်စီတပ် သံချပ်ကာယာဉ်သုံးပြီး ဝင်ရောက်စီးနင်းပစ်ခတ်ဟု KNLAတပ်မှူးပြော

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။

ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ
ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ

▪️ဗိုလ်မှူးချစ်ဝင်းသူ ပစ်ခတ်ခံရပြီး သေဆုံးသည့်ကိစ္စအပေါ် မကျေနပ်၍ တုံ့ပြန်ခြင်းဖြစ်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းပစ်ခတ်နေသည်ဟု သတင်းရရှိကြောင်း တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးတစ်ဦးက ပြောသည်။

“သံချပ်ကာ ကား ၂စီးနဲ့ စစ်တပ်ကားက ဘယ်နှစ်စီးလဲ အဲဒီမှာ တက်သွားပြီး ရွာကိုလိုက်ပြီး ပစ်နေတယ်ပြောတယ်။ အဲဒါက ဗိုလ်မှူးချစ်ဝင်းသူ သေသွားတဲ့နောက်ဆက်တွဲက သူတို့တွေ မကျေမနပ်မှုတွေရှိမှာပေါ့။ အဲဒါ သူတို့တွေကနာကျည်းချက်နဲ့ ပြည်သူလူထုတွေကို တခါတည်းပတ်ရမ်းပြီးတော့ သူတို့လုပ်နေကြ”ဟု ၎င်းက ဆိုသည်။

ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ - CJ
ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းနေစဉ်၊ ဓာတ်ပုံ – CJ

သထုံမြို့နယ် ရှိစစ်ကောင်စီတပ်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ဝင်းစိန်ကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးကို သွားရောက်ဖမ်းဆီးပြီး အပြန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ထံမှလက်နက် ၃လက်သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်းစိန်ရွာကို စီးနင်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှု အခြေအနေကို မသိရသေးဟု KNLA တပ်မှူးက ပြောသည်။

“ဒီလို ကိုယ့်ရန်သူကို ကိုယ်မနိုင်လို့ ရွာသားတွေကိုလျှောက်ပတ်ရမ်းတာကတော့ မသင့်တော်ဘူးလေ”ဟု ၎င်းက ဆိုသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းကြောင့် ပုဏ္ဏားကျွန်းတွင် ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

သတင်း

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၃ရက်က လွိုင် ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်။

သတင်း

ပုသိမ်မြို့နယ်အတွင်း တာဝန်ကျနေသည့်ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်စိုးသည် တောဆင်ရိုင်းမောင်းသည့် တာဝန်ထမ်းဆောင်နေစဥ် ဆင်းရိုင်းက နင်းသတ်သွားခြင်းဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီလက်နက်သယ်ယူမည့်လမ်းကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဖြတ်တောက် တားဆီးနေ၍ တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယနေ့ညနေတွင် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာ​​ခြင်းဖြစ်သည်။