Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းနှင့် ကဒါရဲစခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တုံ့ပြန်ခဲ့သည့်အပြင် အရပ်သားများ နေထိုင်ရာရွာများကိုပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့် စစ်ကောင်စီ ရဟတ်ယာဉ်၊ဓာတ်ပုံ - ပေးပို့
ယနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့် စစ်ကောင်စီ ရဟတ်ယာဉ်၊ဓာတ်ပုံ - ပေးပို့

▪️စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံး၊ လက်နက်မျိုးစုံ ၁၀လက်နှင့် ကျည်၊ ခဲယမ်းများ သိမ်းဆည်းရရှိ

▪️စစ်ကောင်စီ၏လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းနှင့် ကဒါရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ သတင်းကို အခြေခံပြီး သိရသည်။

နိုဝင်ဘာ ၂၁ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တုံ့ပြန်ခဲ့သည့်အပြင် အရပ်သားများ နေထိုင်ရာရွာများကိုပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

“အရပ်သား ဆယ်ဦး ကျော်ထိမှန် အိမ်ခြေဆယ် လုံးကျော်ထိမှန်ပျက်စီး ဒါက လေကြောင်းပစ်ခက်မှုနှင့် အမြှောက်ပစ်ခက်မှုများကြောင့်ပါ။ စခန်းသိမ်း ရရှိခဲ့မှုများကတော့ အလောင်းဆယ်လောင်း၊ (၆၀)မမ တစ်လက်၊ လက်နက်ငယ် ၉ လက်၊ ကျည် ၁၀၀၀ကျော်။ ယခုချိန်ထိ စကစ က ရဲတွေထဲ နေရာယူထား လက်နက်ကြီးဖြစ် ဆက်လက်ပစ်ခက်နေ”ဟု ပကဖက ထုတ်ပြန်သည့် သတင်းအပေါ် အခြေခံပြီး ထပ်မံသိရှိရသည်။

စစ်ဘေးရှောင်သွား ကြသူများကို နေအိမ်၌ပြန်မနေပါက နေအိမ် မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေဟုဆိုသည်။

တောင်ကလေးဒေသခံတစ်ဦးကလည်း ယနေ့နံနက်တိုက်ခိုက်မှုကြောင့် ရဲများသေဆုံးမှုရှိပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ပြောသည်။

“မနက် ၅နာရီက စပစ်တာ။ ၅နာရီကနေ ၁၁နာရီကျော်ကျော်လောက်ထိပေါ့။ အခုကတော့ အခြေအနေက ဘယ်လိုဆိုတာ အသေအချာမသိရသေးဘူး။ အခုတော့တစ်ချက် တစ်ချက် ထပစ်နေတုန်းပဲ။ လူထုထိတာက လောလောဆယ် ၃၊၄ယောက်ရှိပြီ ဆုံးတာ။ ထိခိုက်တာတွေကတော့ အများကြီးပဲ။ ရဲတွေဘက်ကလည်းဆုံးတာရှိတယ်”ဟု တောင်ကလေး ဒေသခံက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်(ပအဖ)၏ ထုတ်ပြန်ချက်တွင် တောင်ကလေး ရဲစခန်းအား တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်ခိုက်ရေးလေယာဉ်များ ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ မုဒုံမြို့နယ် ခုနစ်ခွေတောင်ခြေရင်းရှိ အမြောက်တပ်ကလည်း ကျေးရွာများသို့အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ကျိုက်မရောမြို့နယ် ကြံတောကျေးရွာ ကြာအင်းကွေ့၌ အမြောက်တင်သံချပ်ကာယာဉ်နှစ်စီးအထိုင်ချ၍ ပတ်ပတ်လည်ကျေးရွာများသို့ ပစ်ခတ်နေကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

သိမ်းဆည်းရမိ​သောလက်နက်များတွင် လက်နက်ကြီးတစ်လက် ၊စက်လက်များ အပါအဝင် လက်နက်ငယ်များပါရှိသည်ကို သတင်းဓါတ်ပုံများအရသိရသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။

သတင်း

တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။