Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကလေးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️အရပ်သား သုံးဦးသေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရ၊ပြည်သူလူထုနေအိမ်နှင့် ဘုန်းကြီးကျောင်းများပျက်စီး

ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့၍ အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။

“အထိအခိုက်က ရွာကတော့ မိန်းကလေးတစ် ယောက်၊ ယောက်ကျားလေးတစ်ယောက်ဆုံးသွားတယ်။ နောက်လမ်းဘေးမှာ ခရီးသွားပေါ့။ ကမာဝက်က လူတစ်ယောက်ဆုံးသွားတယ်။ ဒီရွာက ယောက်ကျားလေးတစ်ယောက်ရယ် မိန်းကလေး အသက် ၁၄နှစ် ကောင်မလေးရယ် ဆုံးသွားတယ်။ သူတို့ကတော့မနေ့ညနေက ချက်ချင်း သင်္ဂြိုလ်လိုက်တယ်။သူတို့က ပုန်းနေရင်းနဲ့ ကောင်မလေးက ခေါင်းမှာ လက်နက်ကြီး အစလာမှန်ပြီး ဦးနှောက်ပွင့်သွားတဲ့ ပုံစံမျိုးပေါ့”ဟု တောင်ကလေး ဒေသခံက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀ဦးခန့် ရှိသည်ဟု ဆိုသည်။

“အိမ်တွေထိတာတော့ အများကြီးပဲ။ တကယ်တန်းပြောရရင် လေယာဉ်လာတဲ့အချိန်မှာ သူတို့က မရှိတော့ဘူး။ ၅နာရီမထိုးခင် မှာ စပစ်တာ။ စပစ်ပြီးနာရီဝက်လောက်ဆို စခန်းထဲဝင်ပြီး သိမ်းသွားပြီ ပစ္စည်းတွေက။ ပစ္စည်းတွေ ယူပြီးသူတို့ ပြန်ဆုတ်ပြီးနောက်ပိုင်း ဂျက်လေယာဉ်တွေက လာတာပေါ့။ လေယာဉ် ရောက်လာတဲ့အချိန်က ၈နာရီ ပတ်ဝန်းကျင်လောက်မှရောက်လာတာ။ အရပ်သားတွေထိတယ်ဆိုတာက ရဲစခန်း ပတ်ပတ်လည်မှာက အိမ်တွေ ၊ အလုံးကြီးတွေက ကျော်ကျော်ပြီး ကျတာ။ မုဒုံအမြောက်တပ်ကနေ လှမ်းပစ်တယ်လို့ပြောတယ်။ အဲဒီကနေ ပစ်တာ ဘုန်းကြီးကျောင်းတွေလည်းထိတယ်။ အိမ်တွေ ကိုထိတယ်”ဟု တောင်ကလေး ဒေသခံက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ယမန်နေ့ကတည်းက မုဒုံမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့သည်လည်း ရွာ၌ ကျန်နေခဲ့ကြောင်း ဒေသခံက ပြောသည်။

You May Also Like

သတင်း

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် - သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

သတင်း

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။