Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ကအင်အား ၇၀ခန့်ပါဝင်​သောစစ်​ကြောင်းဖြင့်နိုဝင်ဘာ၁၉ရက်နံနက်၉နာရီခန့်ကအဆိုပါလမ်းပိုင်းတွင် သေနတ်ပစ်၍ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်
ထားဝယ်-ထီးခီးလမ်းတွင်တိုက်ပွဲဖြစ်

ထားဝယ်-ထီးခီးလမ်း၊ ဝကုန်းရွာအနီးတွင်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား နိုဝင်ဘာ ၁၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF)ကယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကအင်အား ၇၀ခန့်ပါဝင်​သောစစ်​ကြောင်းဖြင့်နိုဝင်ဘာ၁၉ရက်နံနက်၉နာရီခန့်ကအဆိုပါလမ်းပိုင်းတွင် သေနတ်ပစ်၍ ချီတက်လာစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ထားဝယ်မြို့မှထီးခီးဘက်သွားမည့်စစ်ကြောင်းဖြစ်ကြောင်း EDF-PDFတာဝန်ရှိသူကပြောသည်။တိုက်ပွဲတွင်မျက်မြင်အရ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီးထပ်မံသေဆုံးမှုများရှိသော်လည်း အတည်မပြုနိုင်သေးဟုလည်း ၎င်းကဆက်​ပြောသည်။

“ယခုလတွေမှာ စကစစစ်ကြောင်းနဲ့ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်”ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

အဆိုပါစစ်ဆင်​ရေူကိုထားဝယ်-ပကဖ အဖွဲ့ဝင်များဖြစ်သည့်ထားဝယ်အရှေတောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF)၊သံမဏီပြောက်ကျားတပ်ဖွဲ့နှင့်ကော်သူလေးအာမီတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိထား၀ယ်ထီခီးလမ်းကစစ်ရေးတင်းမားတဲ့အခြေအနေတော့ရောက်နေပါပြီ၊နောက်တစ်ပတ်ထဲစကစ စစ်ကြောင်း ထပ်၀င်ဖို့ရှိပါတယ်။လမ်းသွားလာသူများကို သတိထားသွားကြဖို့ပြောချင်ပါတယ်”ဟု EDF-PDFတာဝန်ရှိသူကပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။

သတင်း

စစ်ကောင်စီတပ်က ကျွန်းလှ - ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။

သတင်း

ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။