Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက်ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ

ထို​ကြောင့်ထွေအုပ်ဝန်ထမ်းအချို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ဝန်ထမ်းသစ်ရှာဖွေနေရသည်ဟု Non CDM ဝန်ထမ်းတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက် ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ
ဧရာဝတီတိုင်းတွင်စစ်​ကောင်စီထွေအုပ်ရုံးဝန်ထမ်းလျှောက် ထားသူမရှိဘဲလိုအပ်​၍ရပ်ကွက်အတွင်းဆင်းခေါ်ယူ​နေ

ဧရာဝတီတိုင်းတွင်စစ်ကောင်စီ၏အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန (ထွေအုပ်ရုံး)ဝန်ထမ်းများလိုအပ်​​နေပြီးအလုပ်​လျှောက်သူနည်းပါးသော​ကြောင့် ရပ်ကွက်များထဲအထိ ဆင်း၍ လူခေါ်နေ​ကြောင်းဧရာဝတီတိုင်းမှ ဒေသခံများကပြောသည်။

” ထွေအုပ်စာရေးအချို့ ရပ်ကွက်ထဲလာပြီး ထွေအုပ်မှာလျှောက်ဖို့နဲ့ အခုနေ လျှောက်ရင် သေချာပေါက် အလုပ်ရမှာဖြစ်တယ်လို့ လာပြောတယ်။ သူတို့ရုံးတွေမှာ လူမရှိတော့ဘူးလို့လည်းသိရတယ်” ဟု ဧရာဝတီတိုင်း ဓနုဖြူမြို့ခံတစ်ဦးကပြောသည်။

ထို​ကြောင့်ထွေအုပ်ဝန်ထမ်းအချို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ဝန်ထမ်းသစ်ရှာဖွေနေရသည်ဟု Non CDM ဝန်ထမ်းတစ်ဦးကပြောသည်။

” ထွေအုပ်စာရေးနေရာအတွက် လူလိုအပ်နေတာ။CDM တွေနေရာ ထပ်ဖြည့်ထားပေမယ့် မလုံလောက်ဘူး။ ခရိုင်မမှူးက အတင်းရှာခိုင်းနေတယ်” ဟု ပုသိမ်မြို့မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

ထိုကဲ့သို့ လူခေါ်နေသော်လည်း လျှောက်မည့်သူမရှိသလို အမှန်တကယ်အလုပ်ရရန်အတွက်လည်း ကျပ်သိန်း ၃၀ခန့် လာဘ်ထိုးရန်လိုသည်ဟု အထက်ပါ ထွေအုပ်ဝန်ထမ်းကပြောသည်။

ဝန်ထမ်းအင်အားဆယ်သိန်းကျော်ရှိသည့်အနက်စစ်တပ်

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဌာနဆိုင်ရာဝန်ထမ်း သုံးသိန်းကျော်သည် ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့​သည်။ စစ်ကောင်စီလက်အောက်မှ Non CDM ဝန်ထမ်းအချို့သည် နှုတ်ထွက်ရန်ကြိုးစားနေခြင်းနှင့် ကျန်းမာရေးအကြောင်းပြကာ ခွင့်ယူနေကြခြင်းစသည်တို့​ကြောင့် စစ်ကောင်စီတွင် ဝန်ထမ်းအင်အား မလုံလောက်သည့် ပြဿနာကြုံနေရသည်ဟု Non CDMဝန်ထမ်းတစ်ဦးကပြောသည်။

CDM ပြုလုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများတွင် ပညာရေးဌာနက တစ်သိန်းခွဲခန့်နှင့် အများဆုံးဖြစ်ပြီးကျန်းမာရေးဌာနမှာ ဒုတိယအများဆုံးဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားသည့် CDM Success Committee မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

You May Also Like

သတင်း

ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

သတင်း

ကြိုတင်သတိပေးချက် လုံလောက်အောင် မထုတ်ပြန်နိုင်ခဲ့ဘဲ လေပြင်းကျပြီးမှ ထုတ်ပြန်တဲ့သတင်းအပေါ် ဖေ့ဘွတ်ခ် သုံးစွဲသူအများစုက လှောင်ပြောင်​ဝေဖန်​နေကြပါတယ်။

သတင်း

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။

သတင်း

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။