Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုန်းကြီး​ကျောင်းတွင်တပ်စွဲသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်တပ်အထိနာပြီးလက်နက်ခဲယမ်းအချို့ရ

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်အချို့ ။(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဒဲယာန်(မှော်ဘုံ)ကျေးရွာရှိ ဘုန်းကြီးကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မဒန်ယန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား ၄၀ခန့်ရှိသည့် တပ်ဖွဲ့ကို KIAနှင့် KPDF ပူးပေါင်းတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၇နာရီခွဲတွင် နှစ်ဖက်မှလက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ည၈နာရီခန့်မှ စ၍ ဖားကန့် တပ်မကုန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ၁၂၀ မမ လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပစ်ခတ်သကဲ့သို့ စစ်ကောင်စီ ခလရ (၇၆) တပ်မှ ၆၀ မမ ၄ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်နှင့် ကား ၂စီး ထိခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေး ဌာန သတင်းဖော်ပြချက်၌ ပါရှိသည်။

မဒန်ယန်၌ ရှိနေသည့် စစ်ကောင်စီတပ်ကို KIAက ဒီဇင်ဘာ ၇ရက် မနက်ပိုင်း၌ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်အသုံးအဆောင် လက်နက်အချို့ကို KIA တပ်မှ သိမ်းဆည်းရယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို သတင်း၌ ဖော်ပြထားခြင်းမရှိပေ။ KIA ကတိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ရန်သူ​သေဆုံး၊ထိခိုက်မှုအ​ခြေအ​နေများကို ​ဖော်ပြ​လေ့မရှိ​ပေ။

သို့​သော်​ဒေသခံအချို့ နှင့် ​ဒေသတွင်းသတင်းဌာနများကစစ်​ကောင်စီတပ် ဆယ်နှင့်ချီ၍ ​သေဆုံးခဲ့ပြီး အထိနာခဲ့​ကြောင်း ​​ပြောကြား၊​ဖော်ပြသည်။

ဖားကန့်မြို့ အပါအဝင် ဖားကန့်မြို့နယ်အတွင်း၌ ယခု ဒီဇင်ဘာလအတွင်း စစ်ကောင်ဏီတပ်ကို KIAက တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၇ရက်က PDF ရဲဘော်များသို့ ပြည်ထောင်စုဝန်ကြီး၏ အသံလွင့် ပြောကြားချက်တွင် ထိုသို့ အသိပေးလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

သတင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

သတင်း

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။