Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့
ကရင်နှစ်သစ်ကူးနေ့အတွက် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြ သဝဏ်လွှာပို့

ကရင်လူမျိုးများအနေဖြင့် လွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူများနှင့် ပေါင်းစည်းကာ ရန်သူများကို တိုက်ထုတ်ရမည်ဟု ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ် စောနယ်ဒါးမြက ပြောသည်။

လာမည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင်ပေးပို့သော ကော်သူးလေတပ်မတော်စစ်ဦးစီးချုပ်၏ သဝဏ်လွှာမိန်းခွန့်တွင် စစ်ဦးစီးချုပ် စောနယ်ဒါးမြက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်မှုဆိုသည်မှာ အလွယ်တကူ မရရှိနိုင်ပါ။ သွေးချွေးပေါင်းများစွာသာမက မိမိ၏ အသက်ပါပေးရသည်။ ကျွန်ုပ်တို့၏ ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောဘိုမြပြောကြားခဲ့သော စကားတခွန်းမှာ လွတ်လပ်ခြင်းသည် တိုက်ရဲသောသူများအတွက်သာ” ဟု ကရင်နှစ်သစ်ကူးနေ့မိန့်ခွန်းတွင် စောနယ်ဒါးမြက ပြောသည်။

ထို့အပြင် ကရင်လူမျိုးများအား ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုများကို နည်းလမ်းပေါင်းများစွာဖြင့် မတရားနှိပ်စက်မှုများကြောင့် စည်းစည်းလုံးလုံးနှင့် အတူတကွလက်တွဲပြီး ကရင်ပြည်သူများ လွတ်လပ်မှုရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဟု KTLA စစ်ဦးစီးချုပ်က ဆိုသည်။

လာမည့် ကရင်နှစ်သစ်ကူးသည် ကရင်လူမျိုးများအတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံသော နှစ်သစ်ကူးအချိန်အခါဖြစ်ပြီး ကရင်လူမျိုးများ၏ လိုအပ်ချက်ဖြစ်သော အောင်မြင်မှုများကို ရရှိနိုင်သည့် နှစ်သစ်တစ်ခုဖြစ်ပါစေကြောင်း ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ် စောနယ်ဒါးမြက ဆုမွန်ကောင်းတောင်းသည်။

You May Also Like

သတင်း

၁၉၈၈ နိုဝင်ဘာ ၁ရက်တွင် ABSDFကို ဖွဲ့စည်းခဲ့ရာ ယနေ့တွင် ကျောင်းသားတပ်မတော်တည် ထောင်ခြင်း (၃၄)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ABSDF တပ်ဖွဲ့ဝင်များသည် KIO ထိန်းချုပ်နယ်မြေအတွင်း၌တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သည်။

သတင်း

KIOသည် စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု တစ်ရပ်လုံးနှင့် အတူ တသားတည်းရပ်တည်လျက် စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

သတင်း

သဝဏ်လွှာတွင်CPC၏ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် ကြီးမားသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးရေးတွင်လည်း ကြီးမားသောအောင်မြင်မှုများရရှိခဲ့ကြောင်း ဖော်ပြသည်။