Hi, what are you looking for?
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ရှိ တပ်ရင်းအားလုံးက စစ်ကောင်စီကို တိုက်ခိုက်နေချိန် ဗိုလ်ကော်လားဖိုးဦးဆောင်တဲ့ KTLAတပ်က တပ်မဟာ(၄) ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာဟာ စစ်ကောင်စီ လုပ်ရပ်ပုံစံအတိုင်းဖြစ်နေကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
ကော်သူးလေအာမီ(KTLA) ခေါင်းဆောင်ဗိုလ်နယ်ဒါးမြကတနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်-နတ်အိမ်တောင် လမ်းကြောင်းရှိ မြန်မာ-ထိုင်းဓာတ်ငွေ့ပိုင်းလိုင်း ဖြတ်သန်းရာ ကီလိုမီတာ ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ထိုင်းသတင်းဌာနကို ဖြေကြားထားသော်လည်း မြေပြင် တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရှိနေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်ကပြောသည်။