Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို CDF တိုက်ခိုက်

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်)

စစ်ကောင်စီတပ် သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့အနီးရှိ စစ်ကောင်စီတပ် ခလရ (၂၇၄)တပ်ရင်းနှင့် မိုင်အနည်းငယ်အကွာ၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ အတက်နိုင်ဆုံး ကျနော်တို့ နယ်မြေစိုးမိုးမှု ဧရိယာကို ချဲ့လာတာလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အပြစ်မဲ့ ပြည်သူတွေကို သွားလာတာတွေသော်လည်းကောင်း အဲဒီ ပတ်ဝန်းကျင်က လူတွေကို အမြဲတမ်းဒုက္ခပေးနေတာ။ ကျနော်တို့ဘက်က လုပ်နိုင်တာက ကင်းလှည့်လာတဲ့ တပ်ဖွဲ့ကို တွေ့တယ်။ ကျနော်တို့ဘက်က ပစ်ခတ်တယ်။ သုံးယောက်သေသွားတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်။ အနီးကပ်ပစ်တာ။ ပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ CDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

မင်းတပ်မြို့နယ် ပလုံတွီရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာလလယ်က မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲမဖြစ်သည်မှာ နှစ်လခန့်ကြာပြီဖြစ်သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိခြင်းမှာ မင်းတပ် CDF အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်နှင့်အညီ စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုများ လုပ်ဆောင်ခြင်းအပါအဝင် ပြင်ဆင်မှုများ ဆောင်ရွက်နေ၍ ဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

You May Also Like

သတင်း

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် - ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။