Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

TNLAနှင့် တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းနှင့် လက်နက်များရရှိမှု ဓာတ်ပုံထွက်ပေါ်လာ

ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Shan News)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Shan News)

တအာင်းတပ်မတော်(TNLA)နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် ရုပ်အလောင်းဓာတ်ပုံကို ရှမ်းသတင်းဌာန Shan Newsက ယနေ့ ဖော်ပြသည်။

ဓာတ်ပုံတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်း ၉လောင်း တန်းစီချထားသည့်အနီးတွင် TNLA တပ်ဖွဲ့ဝင်များက ရရှိသည့် လက်နက်ခဲယမ်းများ တန်းစီချနေသည်ကို တွေ့ရသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Shan News)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – Shan News)

အဆိုပါ ကုန်းသာရွာနှင့်အနီးတဝိုက်တွင် ဒီဇင်ဘာ ၇ရက်မှစ၍ ၅ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၄၇ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ဦးအရှင်ဖမ်းမိသည်ဟုလည်း TNLA နှင့် နီးစပ်သူကိုကိုးကားပြီး Shan News က ဖော်ပြသည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က တိုက်ပွဲ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုရှိသည်ဟုသာ ဖြေကြားပြီး အသေးစိတ် အရေအတွက် သတင်းမရသေးဟု ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Shan News)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – Shan News)

တိုက်ပွဲသည် ဒီဇင်ဘာ ၇ရက်မှ ၁၁ရက်ညပိုင်းအထိ နေ့ညဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း TNLA က အသိပေးထားပြီး စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကုန်းသာရွာ ဘုန်းကြီးကျောင်းအပါအဝင် ကျေးရွာလုံးကျွတ် ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - Shan News)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ကောင်စီတပ်သားအလောင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – Shan News)

“ဒီနေ့ကတော့ တိုက်ပွဲဖြစ်ပွားမှုတော့ မရှိဘူး။ မိုးမိတ်ဘက်က ရေပုံးဘက်မှာ ရဟတ်ယာဉ်တွေဝဲတာတွေ လေကြောင်းကနေ ပစ်ခတ်တာတွေရှိတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ အကုန်လုံးငြိမ်နေတယ်”ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

You May Also Like

သတင်း

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

မေးမြန်းခန်း

ငါးရက်ဆက်ပြင်းထန်စွာဖြစ်ပွား​သောတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကို People's Spring ကဆက်သွယ်မေးမြန်းထာသည်ကိုဖော်ပြလိုက်ပါသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။