Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

ရဲစခန်းရှိ စစ်အုပ်စုဝင်တစ်ဦးသေဆုံးသည်ဟု သိရပြီး ထွေအုပ်ရုံးအတွင်း ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးအား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများအား နှစ်ဖက်ညှပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force-BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခန့်ကစ၍ ပုလဲမြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး စသည့် စစ်ကောင်စီတပ်စွဲရာ နေရာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောင်ဘက်နှင့် မြောက်ဘက်ကပါ ညှပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က အထိအခိုက်ရှိ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲစခန်းရှိ စစ်အုပ်စုဝင်တစ်ဦးသေဆုံးသည်ဟု သိရပြီး ထွေအုပ်ရုံးအတွင်း ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းက ဆိုသည်။

“နောက်ဆက်တွဲအခြေအနေကတော့ ဆက်လက်စုံစမ်းနေပါတယ်”ဟု BPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Burmese Peacock Defense Force-BPDFက ဦးဆောင်၍ မဟာမိတ်များဖြစ်သော မုံရွာခရိုင်တပ်ရင်း(တပ်ရင်း၁)၊ယင်းမာပင်ခရိုင် တပ်ရင်း၊ ပုလဲနယ်တပ်ရင်း (တပ်ရင်း -၄)ဒေါင်းနက်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများသည် ယခင်ကလည်း မကြာခဏ တိုက်ခိုက်ခံရဖူးသည်။

You May Also Like

သတင်း

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများအား ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် ဒေသတွင်း PDFများက မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

'နန်းထိုက်အောင်စစ်ဆင်ရေး'တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ယခုရက်ပိုင်းအတွင်း တနသာ်ရီတိုင်းအတွင်း ​တော်လှန်​ရေးအင်အားစုများက ခုခံ​တော်လှန်စစ်ကိုအရှိန်မြှင့်တိုက်ခိုက်လာပြီး တိုက်ပွဲများ​နေရာအနှံတွင်ဆက်တိုက်ဖြစ်ပွား​နေသည်။