Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆုံရွာပျူစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကိုင်ပျူများကိုသာ တိုက်ခိုက်ခဲ့ပြီး က​လေးငယ်နှင့် အမျိုးသမီးများကိုပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိဟုတော်လှန်ရေးအင်အားစုများပြော

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များကမူ ဆုံရွာကုန်းတိုက်ပွဲ၌ က​​လေးငယ်များ ၊အမျိုးသမီးများအပါအဝင် စုစုပေါင်း၃၃ ဦး သေ​ဆုံးခဲ့သည်ဟု ဝါဒဖြန့်​နေသည်။

ဆုံရွာပျူရွာအား တိုက်ခိုက်နေသော​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ
ဆုံရွာပျူရွာအား တိုက်ခိုက်နေသော​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

-“ကျွန်တော်ထင်တာကတော့တိုက်ပွဲကြားမှာ ထွက်ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင်ပြန်သတ်ပြီးတော့တော်လှန်ရေးပုံရိပ်ကို ချတယ်လို့မြင်ပါတယ်”-MBTတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှပျူ​စောထီးစခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာတွင်လက်နက်ကိုင်ပျူများကို တိုက်ခိုက်ခဲ့ပြီး က​လေးငယ်နှင့်အမျိုးသမီးများကို တိုက်ခိုက်ခဲ့ခြင်းမရှိ​ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ပျူ​စောထီးအမာခံရွာဖြစ်​သော ဆုံရွာအား ​မေလ ၉ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

“ကျွန်တော်တို့ဘက်က တိုက်ခိုက်တဲ့အချိန်မှာသူတို့ဘက်ကဆုတ်ပြေးတဲ့ပျူစောထီး၅ယောက်ကိုပဲ ရှင်းလင်းခဲ့တာပါ။ဒါတောင်အဖမ်းမခံဘဲ ခုခံပြီးထွက်ပြေးလို့ပါ”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ်
ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ်

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များကမူ ဆုံရွာကုန်းတိုက်ပွဲ၌ က​​လေးငယ်များ ၊အမျိုးသမီးများအပါအဝင် စုစုပေါင်း၃၃ ဦး သေ​ဆုံးခဲ့သည်ဟု ဝါဒဖြန့်​နေသည်။

သို့​သော် စစ်​ကောင်စီဘက်မှ စွပ်စွဲချက်အ​ပေါ် ​တော်လှန်​ရေးအဖွဲ့များက ငြင်းဆိုသည်။

“ကျွန်တော်ထင်တာကတော့တိုက်ပွဲကြားမှာ ထွက်ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင်ပြန်သတ်ပြီးတော့တော်လှန်ရေးပုံရိပ်ကို ချတယ်လို့မြင်ပါတယ်။ တော်လှန်ရေးသမားတွေနဲ့ပျူစောထီးတွေတိုက်ခိုက်တဲ့ကြားမှာ ပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေတောင်မှ ကယ်တင်ပေးခဲ့တွေရှိပါတယ်။”ဟု MBTတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲကဆက် ပြောသည်။

စစ်ရေးပစ်မှတ်ထဲတွင် ကလေးငယ်များ ၊ လက်နက်မဲ့အမျိုးသမီးများ မပါသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိ​ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၏ တာဝန်ရှိသူက ပြောသည်။

ဆုံရွာပျူရွာအား တိုက်ခိုက်နေသော​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ
ဆုံရွာပျူရွာအား တိုက်ခိုက်နေသော​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

“battle ဖြစ်နေတဲ့ ၃ နာရီအတွင်းမှာ ရွာကိုစီးနိူင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူကိုသတ်ဖြတ်ခြင်းမရှိဘူး။ ဒီလိုအကျင့်မျိုးကိုလည်း တော်လှန်ရေးသမားတွေ လုံးဝလုပ်မှာမဟုတ်ပါဘူး။ သူတို့ပစ်တဲ့လက်နက်ကြီးကြောင့်ထိတာလည်းပါကောင်းပါနိုင်တယ်။”ဟု ဗိုလ်မိုက်ခဲက ဆိုသည်။

ထိုရွာကို စစ်ကူလာမည့် ၃မိုင်ခန့်အကွာမှ ဆီမီးခုံစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာနိုင်ခြင်းမရှိတော့ဘဲ အဝေးမှသာ ပစ်ကူပေးခဲ့ကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

“ဆီမီးခုံက လက်နက်ကြီးပစ်ကူတွေကလည်း ရွာထဲကျတာတွေလည်းရှိတော့ နှစ်ဘက်လုံးထိခိုက်နိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်ကတော့ လက်နက်ကိုင်ဆောင်ပြီး ပြန်လည်ခုခံသူတွေပါပဲ။ တွေ့သမျှပြည်သူတိုင်းကိုသတ်မယ်ဆို ရွာတစ်ရွာရဲ့လူဦးရေဟာ အနည်းဆုံး ၁၀၀၀ အထက်မှာပဲရှိကြပါတယ်။ ကျွန်တော်တို့တစ်ရွာလုံးစီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရွာလုံး မသေကြပါဘူး။”ဟု CDSOM အဖွဲ့မှတာဝန်ရှိသူဖြစ်​သော ကိုနွေဦး(မြောင်)က ပြောသည်။

ထိုအပြင် ဆုံရွာက ပျူများသည် PDF များလာတိုက်၍ ထွက်ပြေးလျှင် တစ်ယောက်မကျန် ပစ်သတ်မည်ဟု ရွာသူရွာသားများအား ခြိမ်းခြောက်ဖူးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ​ပြောသည်။

တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး နံနက်၈နာရီခန့်၌ စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။တိုက်ပွဲ၌ ပျူ ၅ဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ပြီး ကျန်ပျူများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအား သယ်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဗိုလ်မိုက်ခဲက ဆက်သည်။

ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ်
ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ်

ထို​နောက်​တော်လှန်​ရေးတပ်များကပျူစခန်းများအား မီးရှို့ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကလည်း ရဲဘော်၄ ဦး ထိခို​က်ဒဏ်ရာရရှိခဲ့ကာ တစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ကို​နွေဦးက​ပြော သည်။

ထိုစစ်ဆင်ရေးကို ​မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger (MBT)တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း၆၊တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊Bright Star Group (LPDF)၊Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊မန္တလေးခရိုင်တပ်ရင်း- ၅၊ ဇာမနည်ပျောက်ကျားအဖွဲ့- ငါန်းဇွန်၊ အညာမြေ-ကျောက်ပန်းတောင်း၊ ဒေါင်းစစ်သည်၊ LACR – မြင်းခြံ၊ Wolf Brothers၊ ဒေါင်းညီနောင်၊ မြင်းခ​ခြရိုင် ရင်း – ၁၊ T.G.Y.R၊ G7 မြောင်၊ ပျောက်ကျားလင်းယုန်၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ Youths for Community-YfC Myaung နှင့် အခြားညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

(ဆုံရွာပျူရွာအား တိုက်ခိုက်နေသော​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ / ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ် ။ ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၂)တပ်ခွဲ(၁)၊ တနင်္သာရီပကဖ၊ မြိတ်ပကဖနှင့်မဟာမိတ်အင်အားစုများပူးပေါင်းထားသည့်အဖွဲ့ဖြစ်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

သတင်း

▪︎​မေ၇ ရက်တွင်ထီးချိုင့်၌ တိုက်ပွဲမရှိသလို စစ်​ကောင်စီတပ် စစ်​ကြောင်းလှုပ်ရှားမှု မရှိ ဇော်ရမ်း/People’s Spring ထီးချိုင့်တိုက်ပွဲ၌ စစ်​ကောင်စီတပ်မှ ရုရှားအခြေစိုက် ဝက်ဂနာကြေးစားတပ်ဖွဲ့ (Wagner mercenary group)ဝင်အား ဖမ်းဆီးရမိကြောင်းသတင်းသည် သတင်းအမှားဖြစ်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များကပြောသည် မတ်လ ၇ရက် နေ့လည် မွန်းလွဲ ၁နာရီ၁၅...

ဆောင်းပါး

"ရဲဘော်အဒီးနဲ့ နပန်းသတ်တဲ့ စစ်ကောင်စီစစ်သား သေသွားတယ်။ အသေလုံးကြတာ" ဟု KPF နှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်က လူထု​နွေဦးသို့ပြောသည်။