Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ ဖမ်းထားသည့် နိုင်ကျဉ်း ၃၀ကျော်ကယ်ထုတ်ပြီး မိသားစုထံဘေးကင်စွာ AA ပို့ဆောင်

အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက် နေထိုင်နေကြပြီဖြစ်သည့်အပြင် AAက ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိသည်ဟု ဆိုသည်။

(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို ရက္ခိုင်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၃၁ဦးအပါအဝင် အကျဉ်းသား ၉၈ဦးအား ကယ်ထုတ်ပေးကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်း AAက ထုတ်ပြန်သည်။

ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် ဘူးသီးတောင်ရှိ စစ်ကောင်စီ တပ်ရင်း၊တပ်စခန်းအားလုံးကို AAက မေလ ၁၈ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင် အကျဉ်းထောင်မှ အမှတ်(၃)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၃)ထံ ပြောင်းရွှေ့ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကိုပါ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

စစ်ကောင်စီမှ နိုင်ငံရေးအရခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား ၃၁ဦးကို ၎င်းတို့အား မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း မေလ ၂၆ရက်တွင် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက် နေထိုင်နေကြပြီဖြစ်သည့်အပြင် AAက ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိသည်ဟု ဆိုသည်။

ULA/AA အနေဖြင့် စစ်ပွဲအတွင်းဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နိုင်ငံတကာ စစ်ဥပ‌ဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများစွာတို့ကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိကြောင်း အသိပေးသည်။

ဘူးသီးတောင်မြို့၌ တိုက်ပွဲမဖြစ်မီကတည်းက စစ်ကောင်စီသည် ဘူးသီးတောင် အကျဉ်းထောင် တွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့အား ချန်လပ်ထားခဲ့သည်ဟုဆိုသည်။ဘူးသီးတောင်မြို့ ၌ တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်တိုင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ် ရာသို့ ပြောင်းရွေ့ခြင်းအား ပြုလုပ်ရမည့်အစား လျစ်လျူရှုခဲ့ကြသည်ဟု ဖော်ပြထားသည်။

(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားကို အခြေခံကာ ရက္ခိုင်ပြည်က နိုင်ငံ‌ရေးအကျဉ်းသားများကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိူးဖောက်သည့် လုပ်ရပ်ကို အထင်အရှား တွေ့မြင်နေရခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

ယခု ကယ်ထုတ်ပေးခဲ့သည့် အကျဉ်းသား ၉၈ဦးထဲတွင် နိုင်ကျဉ်း ၃၀ကျော်အပြင် အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် ၆၀ကျော်လည်း ပါရှိကြောင်း၊ ၎င်းတို့အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဖမ်းဆီးထားသော နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားများအား AAက ကယ်ဆယ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး ကယ်ထုတ်ပေးထားသော အကျဉ်းသားများအား ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူ များအနေနှင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

သတင်း

စစ်​ကောင်စီသည် ယခုလပိုင်းအတွင်း လားရှိုး ၊မူဆယ် စသည့်မြို့ များသို့ စစ်အင်အားများစွာထပ်မံဖြည့်တင်းပြီး ခံစစ်ပြင်​နေ​​ကြောင်း​ဒေသခံအချို့ က​ပြောသည်။

သတင်း

နိုင်ငံအနှံဖြစ်ပွား​နေ​သောတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါး ရပ်တန့်ပြီး စစ်​ကောင်စီအတွက် ဝင်​ငွေရ​ပေါက်ရလမ်းနည်းသွား​စေကာအထိနာ​နေ​ကြောင်းကုန်သည်အချို့က​ပြောသည်။

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။