close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမန်းစစ်ဆင်​ရေးတိုက်ပွဲဝင် PDFများ ရေဦးသို့ပြန်​ရောက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ရှမ်း- မန်းစစ်ဆင်ရေး၌ ပါဝင်တိုက်ခိုက်ခဲ့သော ရေဦးမြို့နယ်မှ PDFများ စစ်ဆင်​ရေးသွား​ရောက်ပြီ ခုနှစ်ခန့်အကြာတွင် နေရပ်သို့ပြန်လာကြပြီဖြစ်သည်။

ရှမ်းမန်းစစ်ဆင်​ရေးမှ PDF များ​နေရပ်ပြန်​ရောက်လာကြစဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ရှမ်း- မန်းစစ်ဆင်ရေး၌ ပါဝင်တိုက်ခိုက်ခဲ့သော ရေဦးမြို့နယ်မှ PDFများ စစ်ဆင်​ရေးသွား​ရောက်ပြီ ခုနှစ်ခန့်အကြာတွင် နေရပ်သို့ပြန်လာကြပြီဖြစ်သည်။

ရှမ်း- မန်းစစ်ဆင်ရေးသည်၂၀၂၄ ဇွန်လမှစတင်ခဲ့ပြီး ရွှေဘိုခရိုင်၊တပ်ရင်း(၁၄)ဖြစ်သော ရေဦးPDF ကလည်းအဆိုပါ စစ်ဆင်ရေး၌ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရှေ့တန်းမလိုက်ရတဲ့ရဲဘော်မရှိခဲ့ဘူး။ တိုက်ပွဲဝင်ကာလက ၇လပြည်ဖို့ သုံးရက်ပဲလိုတယ်” ဟုရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရေဦးမြို့နယ်တွင် ရွှေဘိုခရိုင်၊တပ်ရင်းများထဲမှတပ်ရင်း(၁၄)အပြင် တပ်ရင်း(၁၁) နှင့်တပ်ရင်း (၂၄)တို့ရှိသည်။ ရှမ်း- မန်းစစ်ဆင်ရေး၌ တပ်ရင်း(၁၄) တစ်ရင်းလုံး ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“မဟာမိတ်အစီအစဉ်နဲ့ ရှမ်းမြောက်ကို သွားပြီးပူးပေါင်းဆောင်ရွက်တာ။တပ်ရင်းတစ်ရင်းလုံးနီးပါပဲ။ ဒီမှာကဌာနေအဆောက်အအုံပဲကျန်ခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး ရှစ်ဦးသည်အသေးစားဒဏ်ရာရရှိခဲ့သည်ဟု ရေဦး PDF ထံမှ သတင်းရရှိသည်။

​မြောက်ပိုင်းညီ​နောင်မဟာမိတ် သုံးဖွဲ့ ဖြစ်​သောအာရက္ခတပ်တော်(AA)၊ တအာင်းတပ်မတော် (TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနှင့်အတူ ပူးတွဲတိုက်ခိုက်မည့် ရှမ်း-မန်းစစ်ဆင်ရေးသည် မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ပြီး တရားဝင်အသိပေးခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်သော မြို့သိမ်းတိုက်ပွဲများတွင် အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းအများအပြား ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ