close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ကြောင့်အပစ်ရပ်ထားချိန် အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများလေကြောင်းတိုက်နေသည့် စစ်ကောင်စီအား AAသတိပေး

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - GEM

▪️လေကြောင်းတိုက်ခိုက်၍ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံး၊ ၂၃ဦး ဒဏ်ရာရ

မေ ၁၄၊၂၀၂၅။ကဖေး/People’s Spring

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အပြစ်မဲ့အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားသည်ဟု AAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မေလ ၁၃ရက်က ရသေ့တောင်မြို့နယ်နှင့် ‌ယနေ့(မေလ ၁၄ရက်)တွင် ကျောက်တော်မြို့အား လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုကို AAက ထုတ်ပြန်လာခြင်း ဖြစ်သည်။

မေလ ၁၃ရက် နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁၂ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၃၁လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့(မေလ ၁၄ရက်) ညနေ ၃နာရီ ၅၁ မိနစ်အချိန်ခန့်တွင် ကျောက်တော်မြို့ရှိ လူနေအိမ်ရပ်ကွက်များအတွင်း ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယ‌နေ့ညအထိ အပြစ်မဲ့ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး နေအိမ် ၉လုံးခန့် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

People’s Spring၏ ရခိုင်ဒေသမှ သတင်းမြစ်၏အဆိုအရ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သားသုံးဦးသေဆုံးသည်ဟု ပြောသည်။ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှု၏ ထိခိုက်သေဆုံးမှု အသေးစိတ်နှင့် နောက်ဆက်တွဲတို့အား ထပ်မံဖော်ပြပေးသွားပါမည်ဟု AAက ဆိုသည်။

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေကြရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိရောက်စွာပေးနိုင်ရန်အတွက် တဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁)ရက်အထိ တစ်လတာ တိုးမြှင့်ထားသည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအားတိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း AAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများအား အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု သုံးကြိမ်ကို နှစ်ရက်ဆက်ကျုးလွန်ခဲ့သည်။

မေလ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲရာ ကျောင်းသားကလေးငယ် ၂၂ဦးနှင့် ဆရာမ ၂ဦး၊ စုစုပေါင်း၂၄ဦးသေဆုံးခဲ့သည်။ ထို့အပြင် ကလေးငယ် ၁၀၀ဦး ဒဏ်ရာရရှိထားသည်။

ယင်းနေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီး (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦး သတ်ဖြတ်သွားကာ ၁၀ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရရှိသည်။

ယနေ့(မေလ ၁၄ရက်)တွင်လည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အပြင် မိုးကုတ်မြို့၊နောင်ချိုမြို့၊လေးမျက်နှာမြို့၊ ဖယ်ခုံမြို့တို့ကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများက တောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ကျေရွာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်တာဝန်ခံတစ်ဦးက လူထုနွေဦးသို့​ ပြောသည်။

Facebook