close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် ပအဖ

မေ ၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

မင်းတပ်မြို့အား ချင်းညီနောင်နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ကြောင်း ပအဖက ဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် (၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် (၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိ‌ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာစာသင်ကျောင်းလည်း အကြီးအကျယ်ထိခိုက်ပျက်စီးပြီး နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့ဟု ဆိုသည်။

” ခုရက်ပိုင်း ပြည်သူတွေ လူစုလူဝေး သိပ်မလုပ်ကြဖို့ ။ ခုရက်ပိုင်း ကျောင်းတွေကို အဓိက ပစ်မှတ်ထားနေတော့ ပိုဂရုစိုက်ကြဖို့ပါ”ဟု မင်းတပ်ဒေသခံက စစ်ကောင်စီ၏ လေကြောင်းရန် ဂရုပြုရန်နှင့်ပတ်သက်ပြီး ပြောသည်။

ထို့အပြင် သေဆုံးသူ မိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရသူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြေပြင်တွင် သွားရောက်ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြောင်း ပအဖက ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီမှ မေလအတွင်း မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက (၁၃)ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများမှာ လူသားချင်းစာနာ ထောက်ပံ့မှုများ လိုအပ်လျက်ရှိဟုလည်း ပအဖက အသိပေးသည်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ် (CDF) -မင်းတပ်ပါဝင်သည့် ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ဟာ ကလေးငယ်တွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်လိုက်ပြီး စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုနဲ့ဆက်စပ်တဲ့ အချက်အလက်တွေကို တောင်းခံလိုက်ပါတယ်။

သတင်း

ကျောက်တော်မြို့ စစ်ကောင်စီ ထပ်မံမှန်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၇ဦး သေဆုံးပြီး ရခိုင်ပြည်နယ်အတွင်း ၃ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁ဦးအထိ ရှိလာသည်။

အတွေးအမြင်

စကစဟာ မဆလ၊ နဝတ၊ နအဖ စတဲ့ ဘဝတွေကတည်းက ဝါဒဖြန့်ချိရေးမှော်ရော စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာပါ ကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါ။ ခုတလော သူ့လက်ရာခြေရာတွေ ပိုမြင်သာလာပါတယ်။ ဒါပေမဲ့ တချို့လူအုပ်တွေအတွက်တော့ ဒါကို မမြင်နိုင်ကြပါဘူး။

သတင်း

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့က ပြောပါတယ်။

Facebook