close
Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားတပ်ဦး၏ ပထမအကြိမ်ညီလာခံမှ ဗဟိုဦးဆောင်ကော်မတီ ရွေးကောက်တင်မြှောက်

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)က ကျင်းပခဲ့သော ပထမအကြိမ်ညီလာခံမှ ဗဟိုဦးဆောင်ကော်မတီ(စစ်ကော်မရှင်)ကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း အဆိုပါတပ်ဦးက ယနေ့(မေလ ၂၂ ရက်) ထုတ်ပြန်သည်။

ညီလာခံတက်ရောက်နေသည့် ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်များကိုတွေ့ရစဥ်။ဓာတ်ပုံ - SF/SAF

မေ ၂၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)က ကျင်းပခဲ့သော ပထမအကြိမ်ညီလာခံမှ ဗဟိုဦးဆောင်ကော်မတီ(စစ်ကော်မရှင်)ကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း အဆိုပါတပ်ဦးက ယနေ့(မေလ ၂၂ ရက်) ထုတ်ပြန်သည်။

အဆိုပါ ပထမအကြိမ်ညီလာခံကို ၂၀၂၅ မေလ ၁၅ ရက်မှ ‌၂၀ရက်အထိ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၏ ဗဟိုဌာနချုပ်နယ်‌မြေတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ညီလာခံအတွင်း ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ အခြေခံမူ၊ မျှော်ရည်ချက်၊ တာဝန်ကြီး ၆ ရပ်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တပ်ဦး/တပ်တော်၏ ဗဟိုဦးဆောင်ကော်မတီ(စစ်ကော်မရှင်)အား‌ ရွေးကောက်တင်‌မြှောက်ခြင်းနှင့် တပ်ဦး၏ နိုင်ငံရေး၊ စစ်ရေး လမ်းပြမြေပုံအတည်ပြုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒါဟာ လက်ရှိတော်လှန်ရေးရေစီးထဲကို ကြံ့ကြံ့ခိုင်ခိုင် တိုးဝင်ဖြတ်ကျော်ဖို့အတွက် အဖွဲ့အစည်းတည်ဆောက်မှုနဲ့ ခေါင်းဆောင်မှုကို ပိုကျစ်လစ်စွာနဲ့ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ တပ်ဦး/တပ်တော်ဟာ မကြာခင်မှာ စစ်ကိုလည်းတိုက်ရင်း ပြည်သူ့ရေးရာတာဝန်များကိုလည်း ထမ်းဆောင်ဖို့ အသင့်ဖြစ်လာပါလိမ့်မယ်ဗျ”ဟု ညီလာခံမှတဆင့် ဗဟိုဦးဆောင်ကော်မတီ ရွေးကောက်တင်မြှောက်ခြင်းနှင့်စပ်လျဥ်းပြီး ကျောင်းသားတပ်ဦး၏ ဒုဥက္ကဋ္ဌ(၁) ကိုမင်းဟန်ထက်က လူထုနွေဦးသို့ ပြောသည်။

တပ်ဦးနှင့် တပ်တော်၏ ဗဟိုဦးဆောင်ကော်မတီ (စစ်ကော်မရှင်)ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဥက္ကဋ္ဌ (၂)၊ အထွေထွေ အတွင်းရေးမှူး (၁)၊ အထွေထွေအတွင်းရေးမှူး (၂)၊ အထွေထွေအတွင်းရေးမှူး (၃)တို့ကို ရွေး ကောက်တင်မြှောက် ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ကျောင်းသားတပ်ဦး၏ အခြေခံမှုကြီး (၅)ချက်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ လူသားအခွင့်အရေးနှင့် နိုင်ငံတော်သစ်ပေါ်ပေါက်ရေးတို့ ဖြစ်သည်။

​တပ်ဦး၏ အမြုတေမှာ စစ်အုပ်စုအာ ဏာသိမ်းပြီးနောက် ၂၀၂၁မတ်လ ၃၁ရက်က လူထုနှင့်အတူ တော်လှန်ရေးနှင့် နိုင်ငံရေးတာဝန်များထမ်းဆောင်ရန် ရုန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ဧပြီ ၂၇ရက်တွင် ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ