close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် လုံးခင်းအနီး သုံးနေရာ၌ တိုက်ပွဲစဖြစ်

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် လုံးခင်းဒေသရှိ လယ်ပြင်တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

◾️စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် စစ်ရှောင်ကလေးငယ် နှစ်ဦးသေဆုံး

​မေ-၂၈၊၂၀၂၅။ကဖေး၊ထားမြတ်/People’s Spring

ဖားကန့်မြို့နယ်၊ လုံးခင်းဒေသသို့ ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊PDF ပူးပေါင်းတပ်သည် ယနေ့(မေလ ၂၈ရက်) နံနက် ၈နာရီ၁၀မိနစ်ခန့်မှစ၍ ​နေရာ သုံးနေရာထက်မနည်း၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်။

“ထမင်းကြော်စားနေရင်းပြေးလိုက်ရတာဗျာလက်နက်အသေးသံတွေစုံရောပဲ”ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် လုံးခင်း‌ နှင့် ငြိမ်းချမ်းသာယာ၊ လယ်ပြင်ရွာ အနီးဝန်းကျင်တွင်ဖြစ်ပွားနေပြီး လက်နက်ကြီးသံမကြားရဘဲ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စကစစစ်ကြောင်းကို KIA၊PDF စောင့်တွယ်ပြီထင်တယ်။ တိုက်ပွဲစပြီ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ကာမိုင်း-ဖားကန့်လမ်းအတိုင်း အင်အား၆၀၀ခန့်ဖြင့် ဧပြီလ ၂၃ရက်မှစတင်စစ်​ကြောင်းထိုးလာ​သောစစ်ကောင်စီတပ်စစ်ကြောင်းသည် လမ်းတလျှာက် KIA၊PDF ပူးပေါင်းတပ်၏တိုက်ခိုက်ခံရပြီး မေလ ၂၇ရက်၌ လုံးခင်း ယမ်းချက်စက်ရုံသို့အင်အား ၁၀၀ခန့်ဖြင့် ရောက်ရှိလာသည်။

ဖားကန့်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်း မေလ ၂၇ရက်ညပိုင်း၌ ဖားကန့်မြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော် ဝင်ရောက်နိုင်ပြီဟု သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က ယမ်းချက်စက်ရုံဘက်ကို ဝင်လာတဲ့အဖွဲ့က သွားကြိုတဲ့အဖွဲ့နဲ့ ဝင်လာတဲ့အဖွဲ့ပေါင်းမှ ၁၀၀ လောက်ရှိတာ။ ဒီမနက် အစောပိုင်းလောက်မှာ ဒီကောင်တွေက ယမ်းချက်စက်ရုံကနေ လယ်ပြင်ရဲစခန်းအထိ ဝင်ပြီးနေရာယူတာပေါ့။ ညကတည်းက ဒီကောင်တွေစစ်ကြောင်းထိုးတာ ။ အဲဒါကြောင့်လက်နက်ကြီးနဲ့ လှမ်းထုလို့ တံတားတွေဘာတွေထိသွားတာ။ နှစ်ဖက်ပစ်ကြတာ။ အခု ဒီမနက် လုံးခင်း တဖက်ကမ်းပေါ့ ရဲစခန်းကို ရောက်လာပြီးမှ ဒီမနက်ကျတော့ တော်လှန်ရေးအဖွဲ့တွေက သွားပြီးမှ ပစ်တာပေါ့။ ပစ်ရင်း တိုက်ပွဲဖြစ်နေကြပြီ”ဟု ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းဖရာရွာအနီးတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။ယနေ့ (မေလ ၂၈ရက်) နံနက် ၅နာရီကျော်တွင် ဖားကန့်လမ်းပိုင်း နမ့်ယားအကျော် ဆိုင်းဖရာရွာအနီး စစ်ရှောင်နေသူများ ရှိရာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

လမ်းကြောင်းတလျှောက်တိုက်ပွဲများတွင် ​သေဆုံးသူ ၊ဒဏ်ရာရသူများစွာရှိခဲ့​သောစစ်​တပ်စစ်​ကြောင်းသည် လက်နက်ကြီးနှင့်လေကြောင်းအားသုံးကာ အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း KIA၊PDF က ဒေသခံများအား သတိပေးထားသည်။

လုံးခင်းနှင့်ဖားကန့်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ဘေးလွတ်ရာသို့အချိန်မီရှောင်ကြရန် KIA၊PDFကမေလ ၂၇ရက်ညကပင် ဒေသခံများအား အော်လံများဖြင့် လိုက်လံသတိပေးခဲ့သည်။မတ်လ ၂၈ ရက်နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် လယ်ပြင်တံတားပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေသည့် လုံးခင်းသည်ဖားကန့် နှင့်သုံးမိုင်ခန့်သာဝေးသည်။ စစ်တပ်စစ်ကြောင်း လုံးခင်းရွာအနီးရောက်ရှိလာ၍ခုခံတိုက်ပွဲများတိုက်ခိုက်နေပြီး ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် စစ်ရေးသတင်းများအဆင်မပြတ်နားစွင့်နေရန်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

စစ်ကောင်စီစစ်‌ကြောင်းတွင် ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များပါဝင်လာပြီးဖားကန့်အထိ ရောက်အောင် စစ်ကြောင်းဝင်နိုင်ပါက ကျောက်စိမ်းလုပ်ကွက်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟု သိရသည်။

ဖားကန့်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း ဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီး လက်နက်ကြီးများတပ်ဆင်ထားသည်။ တိုက်ပွဲဖြစ်ရာနေရာများသို့ ထိုနေရာများမှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ကူပေးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကာမိုင်း-ဖားကန့်လမ်းအတိုင်းအင်အား၆၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှာက် KIA ၊KPDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် လုံးခင်းသို့ ဝင်လာချိန်တွင် အင်အား ၁၀၀ခန့်သာ ရှိတော့ပြီး လက်ရှိအခြေအနေအရ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ လေယာဉ်ဗုံးဒဏ်ထိထားသော အဆောက်အဦိအပျက်အစီးများကြားတွင် မှော်လှည့်သပိတ်နှင့် တာမခံသပိတ်အင်အားစုတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ILO၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် ယနေ့ (မေလ ၂၇) တောင်းဆို ဆန္ဒပြခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသနှင့် နမ့်တိန်ဒေသတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်ရှိခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

ဖားကန့်မြိုနယ်၊ လုံးခင်းကျေးရွာရဲစခန်းကုန်း၌ လက်နက်ကြီးများတပ်ဆင်ထားသည့်နေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ယနေ့(မေလ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်။