close
Connect with us

Hi, what are you looking for?

သတင်း

အောင်ပန်းတွင် မြေအောက်တစ်မိုင်ကျော်ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့် ငလျင်လှုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် ယနေ့ နေ့လည်ပိုင်း၌ လှုပ်ရှားသွားပြီး အလွန်ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

ဇွန်-၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် ယနေ့ နေ့လည်ပိုင်း၌ လှုပ်ရှားသွားပြီး အလွန်ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

နေ့လည် ၁၂နာရီ ၄၆ မိနစ်ခန့်တွင် လှုပ်ရှားခြင်းဖြစ်ပြီး ဇောက်တိမ် ငလျင်ဖြစ်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။

“ငလျင်မလှုပ်ခင် အသံတော်တော်ကျယ်ကျယ်ကြားရတယ်။ အိမ်တွေထဲ မနေရဲလို့ ဆင်းပြေးသူကပြေးနဲ့။ နောက်ထပ်တော့ ဘာမှ မကြားရသေးပါ”ဟု အောင်ပန်းဒေသခံတစ်ဦးကပြော
သည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရစ်ချ်တာစကေး ၃ မှ ၄ပတ်ဝန်းကျင် အဆင့် ငလျင်များ မကြာခဏ လှုပ်နေသည်။

ဇွန်လ ၃ ရက် ၊ ည ၈ နာရီခန့်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီး ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၆ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ထိုအပြင်မေလ ၃၀ရက်ကလည်း တောင်ကြီးမြို့အနီးကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၄အဆင့်ရှိ ငလျင်လှုပ်ရှားသွားသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက်က မန္တလေးမြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့် ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ အဆိုပါငလျင်လှုပ်ရှားစဉ်က ရှမ်းပြည်နယ်တောင်ပိုင်း ‌အောင်ပန်း၊ ကလော၊ အင်းလေးဒေသများတွင်လည်း ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

ယင်းငလျင်၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် MOHADM က သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမြို့တ​​​နေရာက ဘုန်းကြီးကျောင်းဝင်းတဝင်းထဲမှာရှိတဲ့ ယာယီတဲအိမ်လေးထဲကနေ အသက် လေးဆယ်အရွယ် မဖြူ(အမည်လွှဲ)တယောက် ခပ်လှမ်းလှမ်းက ပြိုလုလု အဆောက်အအုံတခုကို လှမ်းငေးပြီး ကြည့်နေတယ်။ အဲဒီအဆောက်အအုံကတော့ မဖြူတို့နေခဲ့တဲ့ သုံးထပ် တိုက်လေးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ နောက်ကျွံကျကာ ပျက်စီးသွားခဲ့တာပါ။

ဆောင်းပါး

မတ်လက ငလျင်ကြီးလှုပ်ခတ်အပြီး တစ်လကျော်ပိတ်ထားခဲ့ရသည့် စတိုးဆိုင်အား ပြန်ဖွင့်ရန်ပြင်ဆင်သည့်အခါ မငယ်လေးတစ်ယောက် အကြပ်ရိုက်နေသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒဿမ ၄အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (မေလ ၃၀ရက်) နေ့ခင်းပိုင်းက လှုပ်ရှားသွားသည်။

သတင်း

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုဖျက်လက်စတိုက်ပြိုကျပြီး အမျိုးသားနှစ်ဦးထိခိုက်မှုရှိတယ်လို့ မီးသတ်ထံကသိရပါတယ်။

Facebook