close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သပိတ်ကျင်းရှိဘုန်းကြီးကျောင်းကိုထပ်မံဗုံးကြဲသံဃာတစ်ပါးပျံလွန်တော်မူ၊ပြည်သူ ၄ဦး ဒဏ်ရာရ

ဗုံးကြဲခံရပြီး​နောက် ဘုန်းကြီး​ကျောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။

စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁ရက်က သပိတ်ကျင်းမြို့နယ်၄မိုင်ကန်သာ စာသင်ကျောင်းကိုလည်းစစ်ကောင်စီကဗုံးကြဲခဲ့သေးသည်။

ထိုအပြင် စစ်ကောင်စီသည် ဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

ဇွန်လ ၃ရက်နေ့ မနက် ၁၁နာရီ ၅မိနစ်ကလည်းစဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားနှင့် ဘုန်းကြီးကျောင်းအား တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာဘုန်းတော်ကြီးကျောင်းဆောင် ၂လုံး ပျက်စီးခဲ့သည်။

ပြည်သူများအနေဖြင့် စစ်‌ကောင်စီနှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်‌ရေးအတွက်ပုန်းခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ က နှိုးဆော်ထားသည်။

ထိုအပြင်စစ်ကောင်စီဟန်ပြအပစ်ရပ် ကြေညာပြီး ဝါဒဖြန့်မှုကို ပြည်သူများမယုံကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူကပြောကြားထားသည်။

စစ်ကိုင်းငလျင် အပြီး သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကာ ပြည်သူ ၄၀ကျော် သေဆုံးကာ ၉၀ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့​ပေါ်က ဘုန်ကြီး​ကျောင်းနဲ့ဘုရားကိုစစ်‌‌တပ်ကလေကြောင်းက​နေထပ်မံဗုံးကြဲခဲ့တာ​ကြောင့်ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ထပ်မံ သက်တမ်းတိုးကြောင်းကြေညာခဲ့သော်လည်း ဇွန်လ ၁ရက်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ နှင့် နတ်တောင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

Facebook