close
Connect with us

Hi, what are you looking for?

သတင်း

ဗုံးခြိမ်းခြောက်မှုကြောင့် အိန္ဒိယလေယာဉ် ထိုင်းမှာ အရေးပေါ်ဆင်းသက်

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဓာတ်ပုံ - Thai Enquirer

ဇွန် – ၁၃ ၊ ၂၀၂၅ /People’s Spring

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဇွန်လ ၁၃ ရက်နေ့က အိန္ဒိယ လေကြောင်းရဲ့ ခရီးစဉ်အမှတ်ာ AI 379 လေယာဉ်ဟာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်လာပြီး အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အင်ဒီယာဂန္ဒီ နိုင်ငံတကာ လေဆိပ်ဆီ ဦးတည်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လေယာဉ်ဟာ ရုတ်တရက် နောက်ကြောင်း ပြန်လှည့်သွားပြီး ဖူးခက်တဝိုက်နဲ့ ကပ္ပလီပင်လယ်ပြင်ပေါ်မှာ ဝဲပတ်ပျံသန်းနေတာကို လေယာဉ် ပျံသန်းမှု စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တွေမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးမှာတော့ လေယာဉ်ဟာ ဖူးခက်မှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။ ထိုင်းမီဒီယာတွေက အခုလို အထိတ်တလန့် အခြေအနေ ကြုံရတာဟာ ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်စာ တစ်စောင်ကို လေယာဉ်ရဲ့ အိမ်သာထဲမှာ ရှာတွေ့ခဲ့လို့ ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Airbus A320 အမျိုးအစား လေယာဉ်ဟာ ဖူးခက်ကနေ ပျံတက်ပြီး မိနစ် ၂၀ လောက် အကြာမှာပဲ နောက်ကြောင်း ပြန်လှည့်လာခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ် ဆင်းသက်ခဲ့ပြီးတဲ့နောက် ခရီးသည်တွေနဲ့ အမှုထမ်းတွေကို လေဆိပ် တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ခြံရံ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၅၆ ဦး လိုက်ပါခဲ့ပြီး ဗုံးခြိမ်းခြောက်မှု ကြုံရတဲ့ အချိန်မှာ လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ဖို့ ဖူးခက်လေဆိပ်ကို လှမ်းအကြောင်းကြားပြီး ခွင့်တောင်းခဲ့တာပါ။

လေယာဉ်ပေါ်မှာ တကယ်ပဲ ဗုံးပါလာသလား ဆိုတာကိုတော့ လောလော ဆယ် အတည်မပြုနိုင်သေးပါဘူး။

အိန္ဒိယ လေကြောင်းလိုင်း အတွက်တော့ လက်ရှိဟာ ပြဿနာပွေတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။ လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ မနေ့ (ဇွန်လ ၁၂ ရက်)တုန်းက အိန္ဒိယ အနောက်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ ၂၄၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးသာ အသက်ရှင်ခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူအညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။