close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး

စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက်၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခုရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

AFP

ဇွန်-၂၇၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အတုအယောင် တံလျှပ်တစ်ခုထက် မပိုဘူးလို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေး ပြောကြားလိုက်ပါတယ်။

အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ လျာထားကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်ရှာတာသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ၂၅ ရက်နေ့မှာ တွမ်အန်ဒရူးစ်ကသတိပေးသွားခဲ့ပါတယ်။

စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အရပ်သားဒီမိုကရေစီအစိုးရဆီကနေ ၂၀၂၁ ခုနှစ်မှာအဓမ္မအာဏာသိမ်းခဲ့တာဖြစ်ပြီးဒီမိုကရေစီ အစိုးရ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားအများအပြားကိုဖမ်းဆီးအကျဉ်းချထားပါတယ်။

Public Service Announcement

Public Service Announcement

အန်ဒရူးစ်ကအတိုက်အခံတွေကိုဖမ်းဆီး၊ အကျဉ်းချ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ အခြေအနေမျိုး၊ ဂျာနယ်လစ်တွေက အမှန်တရားကို သတင်းဖော်ပြခြင်းကဥပဒေချိုးဖောက်မှုဖြစ်နေတဲ့ အခြေအနေမျိုး၊ ပြည်သူတွေကစစ်ခေါင်းဆောင်တွေကို ဝေဖန်ပိုင်ခွင့် တားမြစ်ပိတ်ပင် ခံထားရတဲ့ အခြေအနေမျိုးမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပလို့ မရကြောင်း ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကိုနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ်လာမယ့် နှစ်ဆန်းပိုင်းမှာ ကျင်းပမယ်လို့ ပြောထားပေမယ့် အန်ဒရူးစ်ကတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အဲဒီ အစီအမံဟာ ဟန်ဆောင်မှု၊ လိမ်လည်လှည့်စားမှု တစ်ခုလို့ နားလည် သတ်မှတ်ထားသင့်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

စစ်ကောင်စီဟာဆက်ပြီးတည်တံ့ရပ်တည်ဖို့ လက်နက်၊ငွေကြေးနဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက် သုံးခုရှိကြောင်း၊ အဲဒီအရာတွေ စစ်ကောင်စီကို မပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကို ကူညီနိုင်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

သူကစစ်ကောင်စီဟာနိုင်ငံတကာဆီကဖိအားတွေ မြင့်တက်လာချိန်မှာ ထွက်ပေါက်ရှာဖို့ သက်သက်ပဲ ရွေးကောက်ပွဲကို စီစဉ်နေတာလို့ စွပ်စွဲခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းကစစ်ကောင်စီရဲ့အကြံအစည်ကို အသိအမှတ်မပြုဖို့အရမ်းအရေးကြီးတယ်လို့လည်း သတိပေးသွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တံလျှပ်လိုမျိုး အစစ်အမှန် မဟုတ်တဲ့ ရွေးကောက်ပွဲ တစ်ခုကို ကျင်းပပြီး တရားဝင်မှုရှိတဲ့ အရပ်သား အစိုးရတစ်ရပ် အာဏာရလာပါတယ် ဆိုတာမျိုး လုပ်ကြံဖန်တီးချင်ရုံ သက်သက်သာဖြစ်တယ်လို့လည်းအန်ဒရူးစ်ကသတိ​ပေးပြောကြားသွားပါတယ်။

ကိုးကာ- Yeni Safak

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ၂၂)မှာအတုအယောင်ရွေးကောက်ပွဲကိုအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းသပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မနေ့က(မတ်လ ၂၅ရက်) နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံခဲ့ပြီး ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့နိုင်ငံအခြေအနေ အလေးထားဆွေးနွေးခဲ့ကြပါတယ်။