Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မျိုးဆက်သစ် စစ်လက်နက်တွေ ထုတ်လုပ်ရေး ရုရှား အရှိန်မြှင့်နေတယ်လို့ သမ္မတဟောင်းပြော

အရင်တုန်းက ရုရှား သမ္မတ ပူတင်ကလည်း ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်တွေ အပါအဝင် လက်ရှိ စစ်လက်နက်တွေထက် ပိုမို အဆင့်မြင့်တဲ့ လက်နက် နည်းပညာတွေကို စမ်းသပ်နေကြောင်း ကြွေးကြော်ဖူးပါတယ်။

မျိုးဆက်သစ် စစ်လက်နက်တွေ ထုတ်လုပ်ရေး ရုရှား အရှိန်မြှင့်နေတယ်လို့ သမ္မတဟောင်းပြော
မျိုးဆက်သစ် စစ်လက်နက်တွေ ထုတ်လုပ်ရေး ရုရှား အရှိန်မြှင့်နေတယ်လို့ သမ္မတဟောင်းပြော

ရုရှားဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့အတွက် မျိုးဆက်သစ် စစ်လက်နက်တွေ ထုတ်လုပ်မှုကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြောင်း သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားခဲ့ပါတယ်။

လက်ရှိ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးတစ်ဦးလို့ သတ်မှတ်နိုင်ပြီး ရုရှား ဝန်ကြီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ဖူးတဲ့ မက်ဗီဒက်ဗ်က ရုရှားဟာ အမေရိကန်၊ ဩစတြေးလျနဲ့ ဥရောပတိုက်က ရန်သူနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ဆိုပါတယ်။

တိုက်ခိုက်ဖျက်ဆီးမှု စွမ်းရည်နဲ့ ပတ်သက်ရင် အင်အား အကောင်းဆုံးဆိုတဲ့ အဆင့်မျိုး စစ်လက်နက်တွေကို ဖန်တီး ထုတ်လုပ်နေကြောင်း၊ ဒီအတွက် စံနှုန်း အသစ်တွေကိုလည်း ပြင်ဆင်ထားကြောင်း၊ ရုရှားရဲ့ ရန်သူတွေဟာ ကိယက်ဗ်မှာသာ မကဘဲ ရုရှားရဲ့ ဘူမိနက်သန် ပိုင်နက်တစ်ခုဖြစ်တဲ့ မာလိုရော့စီယာမှာပါ ထဲထဲဝင်ဝင် လွှမ်းမိုးလာနေပြီ ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။ မာလိုရော့စီယာ ဆိုတာက ဇာဘုရင်တွေ လက်ထက် ရုရှားအင်ပါယာ ပိုင်နက် ဖြစ်ခဲ့တဲ့ ယူကရိန်းရဲ့ နာမည်ဟောင်းပါ။

ရုရှားရဲ့ ရန်သူတွေဟာ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်တို့မှာ ပျံ့နှံ့ တည်ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လက်ရှိ အချိန်မှာ ရုရှား လုံခြုံရေး ကောင်စီရဲ့ ဒုတိယ အကြီးအကဲ တာဝန် ယူထားတဲ့ မက်ဗီဒက်ဗ်က လောလောဆယ် ရုရှားမှာ ထုတ်လုပ်ဖို့ စိုင်းပြင်းနေတယ်ဆိုတဲ့ မျိုးဆက်သစ် စစ်လက်နက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ မှတ်ချက် ပေးမသွားပါဘူး။

အရင်တုန်းက ရုရှား သမ္မတ ပူတင်ကလည်း ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်တွေ အပါအဝင် လက်ရှိ စစ်လက်နက်တွေထက် ပိုမို အဆင့်မြင့်တဲ့ လက်နက် နည်းပညာတွေကို စမ်းသပ်နေကြောင်း ကြွေးကြော်ဖူးပါတယ်။

လက်ရှိ အချိန်မှာတော့ ရုရှားဟာ ယူကရိန်းရဲ့ အားကောင်းတဲ့ တန်ပြန် ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရသလို ယူကရိန်း ပိုင်နက်ထဲက ထိန်းချုပ် နယ်မြေတွေကိုလည်း ဆက်တိုက် လက်လွှတ်နေရပါတယ်။ ဒီအခြေအနေတွေကြောင့် ရုရှားဟာ နျူကလီးယား လက်နက်တွေပါ အသုံးပြုလာနိုင်တယ် ဆိုတဲ့ သဘောမျိုး ပူတင်က အကြိမ်ကြိမ် သွယ်ဝိုက် ပြောဆိုခဲ့တဲ့အပေါ် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားကြပါတယ်။

You May Also Like

နိုင်ငံတကာ

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ

တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ဧရိယာကို တရုတ်လေယာဉ် ၂ စီးနဲ့ ရုရှား လေယာဉ် ၆ စီးတို့ နိုဝင်ဘာ ၃၀ ရက်က ဝင်ရောက် ပျံသန်းခဲ့တာလို့ သိရပါတယ်။

သတင်း

ကျန်ဇီမင်းဟာ တရုတ်သမ္မတအဖြစ် ၁၉၉၃ ခုနှစ်က ၂၀၀၃ ခုနှစ်အထိ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။