Hi, what are you looking for?
နိုင်ငံကြီးတခုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား ခြိမ်းခြောက်ဖိအားပေးနေမှုကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း အထွေထွေထိုးစစ်အတွက် လက်နက်ခဲယမ်းမီးကျောက်ရရှိရေး ပြင်ဆင်မှုနှင့် နည်းလမ်းရှာပြီး ဒရုန်း၊ ဂျန်ဘာကဲ့သို့ နည်းပညာပစ္စည်းများ ဖြည့်တင်းမှုလုပ်ဆောင်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။