close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇီဝ အဆိပ်အတောက် မှောင်ခိုတင်သွင်းမှုနဲ့ တရုတ်နိုင်ငံသား စုံတွဲကို အမေရိကန် စွဲချက်တင်ထား

အန္တရာယ်များတဲ့ ဇီဝဗေဒ အဆိပ်အတောက် ပစ္စည်း တစ်ခုကို မှောင်ခိုတင်သွင်းလာကြောင်း စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား စုံတွဲတစ်တွဲကို အမေရိကန်က စွဲချက်တင်ထားကြောင်း ဇွန်လ ၃ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။

United States District Court

အန္တရာယ်များတဲ့ ဇီဝဗေဒ အဆိပ်အတောက် ပစ္စည်း တစ်ခုကို မှောင်ခိုတင်သွင်းလာကြောင်း စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား စုံတွဲတစ်တွဲကို အမေရိကန်က စွဲချက်တင်ထားကြောင်း ဇွန်လ ၃ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ကျန့်ယွန်ချင်နဲ့ အသက် ၃၄ နှစ်အရွယ် လျူဇူယန်တို့ နှစ်ဦးဟာ မှိုနမူနာတစ်မျိုးကို အမေရိကန် နိုင်ငံထဲ သယ်ယူလာမှုကို အကြောင်းပြုပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ လိမ်လည်မှု၊ ကုန်စည် မှောင်ခိုမှု၊ မှားယွင်း သက်သေ ထွက်ဆိုမှု၊ ဗီဇာအလွဲသုံးစားလုပ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

အဲဒီအမှုကိုတော့ မစ်ချီဂန်ပြည်နယ် အရှေ့ပိုင်းခရိုင် အစိုးရ ရှေ့နေရုံးက ကနဦး တာဝန်ယူ စစ်ဆေးခဲ့တဲ့နောက် FBI ထောက်လှမ်းရေး၊ အကောက်ခွန်ဌာနနဲ့ နယ်စပ်လုံခြုံရေး ဌာနတွေပါ ပူးပေါင်း ပါဝင်လာခဲ့ပါတယ်။

ဖြစ်စဉ်ရဲ့ အစကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လျူဟာ သူ့ရဲ့ချစ်သူ အမျိုးသမီး အလုပ်လုပ်နေတဲ့ မစ်ချီဂန် တက္ကသိုလ် ဓာတ်ခွဲခန်းမှာ လေ့လာနိုင်ဖို့အတွက် မှိုတစ်မျိုးကို ယူဆောင်လာခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ဒက်ထရိုက် လေဆိပ်ကို ဖြတ်ပြီး မှိုကို ယူဆောင်သွားဖို့ စီစဉ်ခဲ့ပေမယ့် အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ မှိုနမူနာတွေ ထည့်ထားတဲ့ ပလတ်စတစ် အိတ်ငယ်တွေကို လေဆိပ် တာဝန်ရှိသူတွေက သိမ်းဆည်းရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သိပ္ပံဝေါဟာရအရ Fusarium graminearumလို့ ခေါ်ဝေါ်တဲ့ အဲဒီမှိုဟာ ဂျုံ၊ ဘာလီ၊ ပြောင်း၊ ဆန်စတဲ့ နှံစားသီးနှံတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီး လူတွေ စားသုံးမိရင်လည်း အော့အန်တာ၊ အသည်းထိခိုက်ပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။

ရှေ့နေချုပ် ရုံးကတော့ အဲဒီမှို အမျိုးအစားဟာ သိပ္ပံပညာရှင်တွေရဲ့ အမြင်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုအတွက် လက်နက်အဖြစ် အသုံးချနိုင်တဲ့ အလားအလာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီမှိုကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ထိခိုက်ပျက်စီးမှု၊ နစ်နာမှုတွေ တန်ဖိုးဟာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားကြောင်းလည်း ရှေ့နေချုပ်ရုံးက ဆိုပါတယ်။

အမေရိကန် အစိုးရ အရာရှိတွေက ကျန့်ဟာ ရောဂါ ဖြစ်ပွားစေတဲ့ အရာဝတ္ထုတွေကို လေ့လာနေတဲ့ သူ့ရဲ့ သုတေသန လုပ်ငန်းအတွက် တရုတ် အစိုးရဆီက ရန်ပုံငွေ အထောက်အပံ့ ရထားကြောင်း ပြောပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးဟာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP) အဖွဲ့ဝင် တစ်ယောက်လို့ပါ စွပ်စွဲခံထားရပါတယ်။

ဖြစ်စဉ်ဟာ တစ်နှစ်လောက် ကြာမြင့်ခဲ့ပြီးတော့မှ ဇွန်လ ၃ ရက်နေ့မှာ လူထုဆီ အသိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေချုပ် ဂျရိုမီ ဂေါ်ဂွန် ဂျူနီယာက ဒီကိစ္စဟာ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ် အကြီးမားဆုံး စိုးရိမ်စရာ အနေအထား တစ်ခုလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး အခြေအနေ ခါးသီးတင်းမာနေတဲ့ အခြေအနေမှာ အခုလို ပြင်းထန်တဲ့ စွပ်စွဲချက်မျိုးနဲ့ တရုတ်နိုင်ငံသားနှစ်ဦး အဖမ်းခံထားရတဲ့သတင်း ထွက်ပေါ်လာတာပါ။ မစ်ချီဂန် တက္ကသိုလ်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးတို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရှတိုက်မှာ စစ်အင်အားကို ထုတ်သုံးဖို့ တရုတ်က ပြင်ဆင်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောင်းလဲ သတ်မှတ်ထားတဲ့ သွင်းကုန်အခွန် စည်းကြပ်မှု အသစ်တွေကို အမေရိကန် အစိုးရ အနေနဲ့ လောလောဆယ် ကျင့်သုံးခွင့် ရှိတယ်လို့ အယူခံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် အစိုးရဆီက နောက်ဆုံး အဆိုပြုလာမှုကို ပယ်ချမှာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။

Facebook