အခြားသူနှင့် လက်ထပ်ရန်စီစဉ်သည့် မိန်းကလေးကို ရည်စားဟောင်းက ဓါးဖြင့်ထိုးသတ်မူ မန္တလေးတွင်ဖြစ်ပွား

တေဇ၊ ဇူလိုင်-၂

အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်ယူရန် စီစဉ်နေသည့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက်(၁၉)နှစ်အရွယ် ရည်စားဟောင်းဖြစ်သူ အမျိုးသားမှ ဓါးဖြင့်ထိုးသတ်ခဲ့မူ ဇွန်(၃၀)ရက်ညပိုင်းက မန္တလေးမြို့ စွယ်တော်ကားကြီးကွင်းတွင် ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ အမရပူရမြို့နယ် စွယ်တော်ကားကြီးဝင်းအတွင်းရှိ လျှပ်စစ်ပစ္စည်ဆိုင်တစ်ဆိုင်ရှေ့တွင် ဓါးထိုးမူဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအမျိုးသမီးငယ်မှာ မိတ္ထီလာမြို့ဇာတိဖြစ်ပြီး ဓါးဖြင့်ထိုးခဲ့သည့် အမျိုးသားမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ဖြစ်ကာ စွယ်တော်ကားကြီးကွင်းအတွင်း ကုန်တင်ကုန်ချလုပ်သားအဖြစ် လုပ်ကိုင်နေသူဖြစ်ကြာင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ အခြားအမျိုးသားစ်ဦးနှင့် လက်ထပ်ရန် လူကြီးချင်းစကားပြောဆိုထာကြောင်း သတင်းကြားသိရာမှ ဇွန်(၃၀)ရက်ညပိုင်းက အဆိုပါ အမျိုးသမီးငယ်နှင့် ၎င်းနှင့်လက်ထပ်မည့် အမျိုးသားတို့ လျှပ်စစ်ပစ္စည်းဆိုင်သို့ လာရောက်ချိန်တွင် ရည်စားဟောင်းအမျိုးသားက ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အမျိုးသမီးငယ်မှာ ရင်အုံ၊ ညှပ်ရိုးအောက်နှင့် လက်ဖျံတို့တွင် ထိုးသွင်းဒဏ်ရာများ အပါအဝင် ဓါးဒဏ်ရာ(၅)ချက် ရရှိပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့သည်။

အဆိုပါအမူနှင့်ပတ်သက်၍ အမျိုးသမီးငယ်ကို ဓါးဖြင့်ထိုးခဲ့သည့် အသက်(၁၉)နှစ်အရွယ် အမျိုးသားကို အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မူ) ဖြင့် အမူဖွင့်အရေးယူထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်