မတ္တရာတွင် (၃)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်မူဖြင့် အသက်(၁၇)နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးအမူဖွင့်

ဆိုင်ကယ်အရောင်းဆိုင် ဝန်ထမ်းများ အခန်းချင်းကပ်လျှက်နေထိုင်ရာမှ ကြံစည်ခြင်းဖြစ်ဟုဆို

အမ်တီ၊ ဇူလိုင်-၁၄

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့သစ်(၂)ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်သည့် အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အခန်းချင်းကပ်လျှက်နေထိုင်သည့် အသက်(၁၇)နှစ်အရွယ် အမျိုးသားမှ အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ အဆိုပါ အမျိုးသားကို ဖမ်းဆီးအမူဖွင့်ထားသည်။

ဇူလိုင်(၁၃)ရက် နေ့လည်(၂)နာရီခန့်က နေအိမ်တိုက်ခန်း အပေါ်ထပ်တွင် သမီးငယ်ဖြစ်သူ အိပ်ပျော်နေချိန် မိခင်မှ မြောက်ဘက်ကပ်လျှက်အိမ်သို့ သွားရောက်၍ ကွမ်းယာတောင်းစားကာ နာရီဝက်ခန့်အကြာတွင် ပြန်လာခဲ့သည်။ အခန်းပြန်အရောက်တွင် သမီးငယ်မှာ အိပ်ယာအတွင်း ငိုနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အခန်းချင်းကပ်လျှက်နေထိုင်သူ အမျိုးသားက နောက်ပိုင်းကို လုပ်ကြောင်းပြောပြသဖြင့် ဘောင်းဘီချွတ်ကြည့်ရာ စအိုတွင် ဒဏ်ရာမတွေ့သော်လည်း ဘောင်းဘီနှင့် တင်ပါးတို့တွင် အရည်များပေးနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ကလေးငယ်ကို ရဲဆေးစာနှင့်အတူ မတ္တရာဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသလျှက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကလေးငယ်၏ မိဘများနှင့် အဓမ္မပြုကျင့်ရန် ကြံစည်သူတို့မှာ ဆိုင်ကယ်အရောင်းဆိုင်တွင် ဝန်းထမ်းအဖြစ် အတူတကွ လုပ်ကိုင်နေကြသူများဖြစ်ပြီး အခန်းချင်းကပ်လျှက် နေထိုင်သူများဖြစ်သည်။ ၎င်းအမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီးမှ မတ္တရာမြို့သို့ လာရောက်လုပ်ကိုင်သူဖြစ်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခံရသည့် မိန်းကလေးငယ်မှာ အသက်(၃)နှင့် (၃)လဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်ကို ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက်ရန် ကြံစည်သူ အသက်(၁၇)နှစ်အရွယ် အမျိုးသားကို မတ္တရာမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇/၅၁၁ ဖြင့် အမှု့ဖွင့်ဖမ်းဆီးထားသည်။

ဓါတ်ပုံ – အမ်တီ။

One thought on "မတ္တရာတွင် (၃)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်မူဖြင့် အသက်(၁၇)နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးအမူဖွင့်"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်