ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုဝင်များ ပြောပြသည့် လွှန်ခဲ့သည့် နှစ်သုံးဆယ်ကျော်အချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် မှတ်မှတ်ရရ
မေသန္တာမျိုး၊
မကြာမီ လာရောက်မည့် အထူးဧည့်သည်တစ်ဦးကို ကြိုဆိုနိုင်ရန် အသက်(၉၄)နှစ်အရွယ် ရှိပြီဖြစ်သည့် အဘွားဒေါ်နှင်းတစ်ယောက် သားသမီး၊မြေများဖြင့် ရင်ဘောင်တန်းကာ မမောနိုင်၊ မပန်းနိုင် စီမံလုပ်ကိုင်နေသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၈၁လမ်းပေါ်ရှိ ငွေနှင်းဖြူ လက်ဖက်ပွဲရုံဝင်း အတွင်း အဘွားဒေါ်နှင်း ကိုယ်တိုင် ဦးဆောင်လျက် မိသားစုဝင် အားလုံးသည် ဧည့်သည်ကို ကြိုဆိုရန် စီမံလုပ်ကိုင်လျှက် ရှိသည်။ နေအိမ်ရှေ့မျက်နှာစာရှိ လက်ဖက်အိတ်များကို အစီအရီနေရာချထား ရှင်းလင်းသည်။ အားလုံးက ပျော်တပြုံးပြံုံးဖြင့် ရှိနေကြသည်။
ငွေနှင်းဖြူ လက်ဖက်ပွဲရုံကို ရောက်လာမည့်ဧည့်သည်မှာ အခြားသူ မဟုတ်ဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ရာ ငွေနှင်းဖြူ လက်ဖက်ပွဲရုံ မိသားစုဝင်များ ဂုဏ်ယူပျော်ရွှင်နေကြခြင်း ဖြစ်သည်။
၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ရယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်အချိန်က အကူအညီတောင်းကာ တည်းခိုခဲ့ဖူးသည့် ငွေနှင်းဖြူ လက်ဖက်ပွဲရုံသို့ လာရောက်လည်ပါတ်မည်ဖြစ်ကာ ပွဲရုံပိုင်ရှင် ဒေါ်နှင်းကို တွေ့ဆုံနှုတ်ဆက်မည် ဖြစ်သည်။
အသက်ကိုးဆယ်ကျော်အရွယ် အဖွားဒေါ်နှင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အမှတ်တရ တစ်ခုကို မြေးဖြစ်သူ မစုမြတ်ဝင်းနိုင်က ယခုကဲ့သို့ ပြန်ပြောင်း ပြောပြသည်။
“နောက်ဆုံးတည်းတဲ့ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ခရီးပန်းလာတယ်။ အရမ်းပင်ပန်းလာတဲ့ အချိန်လေးမှာ အဖွားက သံပုရာရည်တွေ ဘာတွေ ဖျော်ပြီးတိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က အဖွားရဲ့ ပုခုံးလေးပေါ်မှာ ခဏလေး အနားယူ မှေးစက်တယ်။ အဲဒါကို တွေး တွေးပြီး အဖွားက သူ့မှာ ကြည်နူးရတယ်ပေါ့။ တကယ့်ကို အခက်အခဲဖြစ်နေချိန်၊ လိုအပ်နေချိန်မှာ ကူညီခွင့်ရတယ်ဆိုပြီး ကြည်နှုးနေခဲ့တာပါ။”
ယနေ့(သြဂုတ်၁၆)နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ငွေနှင်းဖြူလက်ဖက်ပွဲရုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီး အဘွားဒေါ်နှင်းနှင့် မိသားစုဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
တကယ်တော့ အဘွားဒေါ်နှင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမူအစသည် ယခုအချိန်ကဲ့သို့ အပြုံးတို့ဖြင့် နိဒါန်း ဖွင့်လှစ်ခဲ့ခြင်း မဟုတ်ပေ။ ဖိနှိပ်ခံရမူများ၊ စောင့်ကြည့်ထိန်းချုပ်မူများအကြား ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ အရေးအခင်းပြီးစ ၁၉၈၈ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုဝင်များ ဆုံဆည်းခင်မင်ရန် အကြောင်းဖန်ခဲ့သည်။
၁၉၉၀တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတဝှန်း လှည့်လည်ကာ မဲဆွယ်စည်ရုံးခဲ့သည်။ အဆိုပါ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များအတွင်း အာဏာပိုင်များ၏ ဖိအားပေးမူများ၊ တားမြစ်မူများ ကြုံတွေ့ခဲ့ရပြီး မန္တလေးသို့ လာရောက်သည့် ခရီးစဉ်တွင်မူ တည်ခိုးစရာနေရာ မရှိသည်အထိ ဖြစ်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွားဒေါ်နှင်းတို့ မိသားစုများ စတင်ဆုံတွေ့ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီ၏ နာယက ဦးဝင်းထိန်က သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် “သံသရာတစ်ကွေ့” စာအုပ်တွင် ဖော်ပြထားသည်။
“မန္တလေးကို ရောက်တဲ့အခါ ကျွန်တော်တို့အဖွဲ့က လူအင်အား ၂၀ လောက်ရှိတာပါ။ အဲ့ဒီအဖွဲ့ကို ဘယ်ဘုန်းကြီးကျောင်းကမှ တည်းခိုဖို့ လက်မခံရဲကြပါဘူး။ တည်းခိုခန်း၊ဟိုတယ်တွေမှာ တည်းဖို့ကလည်း ကျွန်တော်တို့မှာ ရန်ပုံငွေ အလုံအလောက် မရှိပါ။ နောက်ဆုံးတော့ ကယ်တင်ရှင်ပေါ်လာပါတယ်။ အဲ့ဒီမိသားစုကတော့ “ငွေမြင်းပျံ လက်ဖက်စို၊ လက်ဖက်ခြောက် လုပ်ငန်း” (အမည်မှန်= ငွေနှင်းဖြူ လက်ဖက်စို လက်ဖက်ခြောက်လုပ်ငန်း) ပိုင်ရှင်များဖြစ်ကြတဲ့ အဘ ဦးညီပုနဲ့ အဘွား ဒေါ်နှင်းတို့ မိသားစုပါပဲ။”ဟု ဦးဝင်းထိန်က သံသရာတစ်ကွေ့စာအုပ်တွင် ရေးသားထားသည်။
ဦးညီပုနှင့် ဒေါ်နှင်းတို့သည် နိုင်ငံရေးနောက်ခံမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အခက်ကြုံနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် မေတ္တာထားကာ ကူညီခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ရေးသားထားသည်။
“ဦးညီပု မိသားစုဟာ နိုင်ငံရေးအရ ပတ်သက်မူ မရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း သမီးအဖြစ်နဲ့ မေတ္တာထားလို့ တည်းခိုခွင့်ပြုခဲ့တာပါ။ တစ်ဖွဲ့လုံးဟာ ဦးညီပုအိမ်ကို အခြေပြုပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ အရှေ့မြောက် ရှမ်းပြည်နယ်တစ်ခွင်ကို ထောင်းလမောင်း ထအောင် သွားခဲ့ကြပါတယ်။ ဦးညီပုတို့ မိသားစု ကျေးဇူးကြီးလှပါပေတယ်”ဟု ဦးဝင်းထိန်က ရေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဦးညီပုနှင့် ဒေါ်နှင်းယဉ်တို့၏ နေအိမ်သို့ ၁၉၈၈၊ ၁၉၈၉နှင့် ၂၀၀၂များတွင်လည်း ထပ်မံလာရောက် တည်းခိုနေထိုင်ခဲ့သည်ဟု ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုဝင်များက ပြောသည်။ နောက်ပိုင်းကာလများတွင် လာရောက်တည်းခိုခြင်းမရှိတော့ဘဲ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိတ်ဟောင်းဆွေဟောင်းအဖြစ် လာရောက်တွေ့ဆုံမည့်အပေါ် အလွန်ဝမ်းသာ ဂုဏ်ယူမိကြောင်း ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုဝင်များက သြဂုတ်(၁၅)ရက်တွင် ပြောသည်။
“အခုလို လာမည်မယ်ဆိုတော့ အဖွားတို့ဆို ဂုဏ်ယူဝမ်းမြောက်တာပေါ့။ သူက အသက်ကြီးနေပြီ။ (၉၄)နှစ်။ အစတုန်းက သူက သွားတွေ့ရမယ် မှတ်နေတာ။ သွားမတွေ့ရဘဲ တကူးတကကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးယူပြီး ကိုယ်အရင်တုန်းက တည်းခဲ့တဲ့အိမ်ကို မိတ်ဟောင်းဆွေဟောင်းတွေအနေနဲ့ ပြန်အလည်လာတဲ့သဘော ဆိုတော့ အရမ်းပဲ ဝမ်းသာဂုဏ်ယူတယ်”ဟု ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုမှ မြေးဖြစ်သူ မဆုမြတ်ဝင်းနိုင်က ပြောသည်။
၁၉၉၀မတိုင်မီ ငွေနှင်းဖြူလက်ဖက်ပွဲရုံတွင် တည်းခိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးညီပု၊ ဒေါ်နှင်းမိသားစုနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ငွေနှင်းဖြူလက်ဖက်ပွဲရုံ မိသားစုတို့ လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်အချိန်က စတင်တွေ့ဆုံမိသည့် အခြေအနေကို မဆုမြတ်ဝင်းနိုင်က ယခုကဲ့သို့ ပြောပြသည်။
“အဘိုးရဲ့မိတ်ဆွေတွေဖြစ်တဲ့ သာသနာ့တက္ကသိုလ်က ဆရာတွေက လာပြီး အကူအညီတောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးကိုလာမယ်၊ အဲဒီအတွက် တည်းခိုဖို့အတွက်ကျတော့ ကန့်သတ်မှုတွေလည်း ရှိနေတော့ တော်ရုံတန်ရုံက လက်မခံရဲဘူး။ တည်းခိုခန်းတွေ ဘာတွေမှာလည်း သူတို့ မတည်းချင်ဘူး။ အဲဒီတုန်းက ဒီမှာက ခြံလည်းကျယ်တယ်၊ စိတ်လည်းချရတယ် ဆိုပြီး အဘွားနဲ့အဘိုးကို လာပြီး အကူအညီ တောင်းတာပေါ့။ အကူအညီတောင်းတဲ့အတွက် အဘိုးတို့ကလည်း အရင်က ဘာနိုင်ငံရေး နောက်ခံမှလည်း မရှိဘူး။ ဒီအတိုင်း အာဇာနည်ခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အနေနဲ့ ဒီလို ကူညီတဲ့ သဘောပဲ။ အဲ့တုန်းကလည်း ပါတီဝင်တွေ မဖြစ်သေးဘူး။ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ သမီးတစ်ယောက်အနေနဲ့ ကူညီပြီးတော့ ဒီအိမ်မှာ လက်ခံပြီး တည်းခိုခွင့်ပြုခဲ့တာပါ”ဟု ပြောသည်။
ထိုသို့ တည်းခိုခွင့်ပြုခဲ့ပြီးနောက် အာဏာပိုင်များမှ စောင့်ကြည့်ခြင်း၊ ဖိအားပေးခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
“၂၀၀၂ နောက်ဆုံးအကြိမ် တည်းသွားပြီးတဲ့ နောက်မှာကျတော့ ဖိအားပေးမှုတွေ ပိုပြင်းထန်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးခင်း မတိုင်ခင်ကလည်း လာတည်းဖို့ပြောတယ်။ အဲဒီအချိန်ကလည်း အဘွားတို့ သားသမီးတွေမှာ ဝန်ထမ်းတွေရှိတယ်၊ ဝန်ထမ်းတွေကနေတဆင့် ဖိအားပေးတာမျိုးတွေ ရှိတယ်။ အဲဒီတကြိမ်တုန်းက အဘွားက စိတ်မကောင်းစွာနဲ့ဘဲ လက်ခံဖို့ အဆင်မပြေတော့ဘူးဆိုုုပြီး ငြင်းခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဖိအားပေးတာ များတယ်။ ကျန်တဲ့အချိန်တွေက စောင့်ကြည့်ခံရတာတွေ ရှိတယ်။ ဖမ်းဆီးတာတွေထိတော့ မဖြစ်ခဲ့ပါဘူး။ ဖိအားပေးတယ်ဆိုတာ အဘွားရဲ့ ပြောပြချက်အရတော့ ဒီတခါလာတည်းရင် အရေးယူတာမျိုးတွေ ရှိမယ်ပေါ့။ ဖမ်းဆီးချုပ်နှောင်တာမျိုးတွေ ရှိမယ်ပေါ့။ အဲလိုမျိုးတွေတော့ ပြောတယ်”ဟု မစုမြတ်ဝင်းနိုင်က ပြောသည်။
၂၀၀၃နောက်ပိုင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး နောက်ပိုင်းကာလ မန္တလေးသို့ လာရောက်သည့်အခါများတွင်လည်း ငွေနှင်းဖြူအိမ်တွင် တည်းခိုခြင်းမရှိသော်လည်း ဖိတ်ကြားတွေ့ဆုံကာ အဆက်အသွယ် မပြတ်ရှိခဲ့သည်ဟု ဆိုသည်။
အဘွားဒေါ်နှင်းယဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တည်းခိုခဲ့မူအတွက် အမြဲဂုဏ်ယူနေမည်ဟု ပြောသည်။
“နိုင်ငံ ခေါင်းဆောင်ကြီးရဲ့ သမီးအတွက် လိုအပ်နေတဲ့ အချိန်၊ အခက်အခဲဖြစ်နေချိန်မှာ ကူညီခဲ့ရလို့ ကြည်နှုးပါတယ်”
An outstanding share! I’ve just forwarded this onto a coworker who was conducting a
little research on this. And he in fact ordered me breakfast
due to the fact that I found it for him…
lol. So allow me to reword this…. Thank YOU for the meal!!
But yeah, thanx for spending some time to talk about this matter here on your blog.
cbd oil from hemp green roads cbd cbd oil charlotte’s web cbd oil cbd oil cbd oil amazon cbd oil
cbd oil cbd pills cbdoilgr cbd oil cbd oil kentucky farms cbd oil