သြဂုတ်(၁၉)တွင် မန္တလေးပညာရေးကောလိပ်မှ စတင်ကာ တစ်ရက်လျှင် နှစ်ကျောင်းနှုန်း တောင်းဆိုမည်ဖြစ်
နေကို၊ သြဂုတ်-၁၈
ပညာရေးဆိုင်ရာ လိုလားချက်များကို တောင်းဆိုမည့် ဖဲကြိုးစိမ်းလှုပ်ရှားမူကို နိုင်ငံတဝှန်းရှိ ပညာရေးကော်လိပ် (၂၂)ခုတွင် မနက်ဖန် (သြဂုတ်၁၉)မှစတင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။
သြဂုတ်(၁၉)ရက်တွင် မန္တလေးပညာရေကောလိပ်မှ စတင်ကာ တစ်ရက်လျင် ပညာရေးကာလိပ်(၂)ကျောင်းနှုန်းဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမူ လုပ်ဆောင်မည်ဖြစ်ကြောင်း သမဂ္ဂများကိုယ်စားပြုကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီမှ ကိုညီညီဇင်က ပြောသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရည်ရွယ်ချက်သုံးခုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး BA(Edu) BSc(Edu)နှင့် ပတ်သက်၍ တိကျသော မူဘောင်များ ပွင့်လင်းစွာ ထုတ်ပြန်ပေးရန်၊ အဝေးသင်တက်ရောက်ရာတွင် လုံလောက်သည့် ခွင့်ရက်ရရှိရန်နှင့် ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများအပေါ် ဖိနှိပ်မှုများ ရပ်တန့်အတွက်ဖြစ်ကြေင်း ၎င်းက ဆိုသည်။
ဆရာအတတ်သင်ကာလကို (၂)နှစ်မှ (၄)နှစ် ပြောင်းလဲ၍ BA(Edu)၊ BSc(Edu) ဘွဲ့ပေးမည့် မူဘောင်အသစ် ချပြခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း တိကျသော မူဝါဒများ ချပြမှု မရှိခြင်း၊ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ကောလိပ်ဆင်း ဆရာ၊ ဆရာမများ အဝေးသင် တက္ကသိုလ် တက်ရောက်ရာတွင် ခွင့်ရက်အလုံအလောက် မပေးဘဲ ခွင့်(၁၇)ရက်သာ ပေးပြီး လစာဖြတ်တောက်ခြင်းနှင့် ကျောင်းသား သမဂ္ဂ အသင်းဝင်များကို ခရီးသွားခွင့် ပိတ်ပင်၍ ဖိနှိပ်ခြင်း၊ ကျောင်းသား သမဂ္ဂများနှင့် ကျောင်းသူ ကျောင်းသားများကို သွေးကွဲအောင် ဆောင်ရွက်သည့် ဆရာ၊ ဆရာမ များနေသည့်အတွက် ယင်းအချက်များ ညှိနှိုင်းဖြေရှင်းပေးရန် ဖဲကြိုးစိမ်း လှုပ်ရှားမူ လုပ်ဆောင်ခြင်းဖြစ်ကြေင်း ကိုညီညီဇင်က ပြောသည်။
မန္တလေးပညာရေးကောလိပ်အတွင်း ဖဲကြိုးစိမ်း လှုပ်ရှားမှုကို သြဂုတ်(၁၉)ရက် နံနက်ပိုင်းတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဝင် မန္တလးပညာရေး ကောလိပ်ကျာင်းသားများ သမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်)က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၇ သြဂုတ်လအတွင်းကလည်း ဆရာခန့်ထားမူ စနစ်နှင့်ပတ်သက်၍ မန္တလေးနှင့် ရန်ကုန်မြို့ရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေးကောလိပ် ကျောင်းသား၊ကျောင်းသူများမှ ဖဲကြိုးစိမ်း လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။
၂၀၁၇ သြဂုတ်က မန္တလေးတွင် ဖဲကြိုးစိမ်းလှုပ်ရှားမူအဖြစ် ဆန္ဒပြတောင်းဆိုစဉ်။ ဓါတ်ပုံ – နေကို။